
လူစိမ်းနံ့ ရတာနဲ့
သူ့အတောင်ပံတွေကို ဆွဲဖြန့်လိုက်တာပဲ
မျက်လုံးတွေက
တစ်နေရာတည်းကို စူးစိုက်ထားဖို့
ဘယ်လောက် တိုးညှင်းတဲ့လေတိုးသံလဲ
နားက ...
စကားလုံးတွေ ပြန်ဖွဲ့ပြဖို့ အသင့်
ဧည့်ကောင်းဆောင်ကောင်းဆိုလည်း
ဝတ္တရားမပျက်
ဓားဆိုလည်း ... ဓား
မြှားဆိုလည်း ... မြှား
အ, ရွံ့ တဲ့စိတ်နဲ့
မြို့ ရဲ့ အနှံ့  မှာ မှန်ချပ်တွေထောင်လို့
တစ်စုံတစ်ခုဆိုရင်
ကုန်းနှီးမပါလည်း မြင်းကိုဒုန်းစိုင်းဖို့
ရေပြင်ပေါ်ခဲလုံးကျသလို
သူ့အပေါ် ထနေတဲ့ဂယက်ကို
ထိန်းချုပ်လို့ မရဘူး ...
နွံဟာနွံဘဲ
ပတ္တမြားဟာပတ္တမြား
မြို့ ဟာ ...
ဘယ်တော့မှမနစ်တဲ့ သတိတရား။
လင်းညဏ်ညီ
* Source