ရခိုင်နိုင်ငံရေးသမားတိ၊ ရခိုင်အမျိုးသားရေးဝါဒီတိ ရခိုင်စာပီကို စိတ်ဝင်စားလာစွာကို ကြိုဆိုပါရေ။ ဝမ်းသာပါရေ။ ဂုဏ်ယူပါရေ။ ယကေလေ့ ရခိုင်စာပီကို ကိုယ်ရို့ ထင်ကေ ထင်ရေပိုင်၊ ချင်ကေ ချင်ရေပိုင် မရီးကတ်ဖို့ အလီးအနက် တောင်းပန် ပါရေ။ အထူးသဖြင့် ရှီးဟောင်း အရီးအသားတိနန့် ပုဂ္ဂလိက ပိုင်ဆိုင်ရေ အရီးအသားတိကို မဖျက်ဆီးစီချင်ပါ။ ရခိုင်စာပီကို ချစ်တေဆိုကေ လုံးဝ(လုံးဝ) မဖျက်ဆီးဖို့ မေတ္တာရပ်ခံအပ်ပါရေ။
(အမျိုးသီလ နှစ်ဌာနကို ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည့် ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့် အနွတ္တသညာ ခေါ်အပ်ရာတည်း) အသျှင်နာဂိန္ဒမော်ကွန်း ……. အေမော်ကွန်းထဲက ရက္ခိုင် ကို ရခိုင် လို့ ပြောင်းမရီးသင့်ပါ။ တခြား အရီးအသားတိမာ ဇာပိုင်ပင်ရီးရီး ပြဿနာမဟိပါ။ ယေကေလေ့ အသျှင်နာဂိန္ဒမော်ကွန်း ကို တိုက်ရိုက် ယူပနာ သုံးရေခါ ယင်း ရက္ခိုင် အရီးအသားအတိုင်း ရီးသားသင့်ပါရေ။ ယေမှလေ့ ရခိုင်စာပီ ကို ချစ်ရာရောက်ပါဖို့။ တခြားတခြား ရှီးဟောင်းစာပီတိနန့် ကျောက်စာတိ ကိုလေ့ မူရင်းအရီးအသား မူရင်း စာလုံးပေါင်း အတိုင်း ရီးသားကတ်စီချင်ပါရေ။

နောက်တစ်ခုက ပုဂ္ဂလိကပိုင်ဆိုင်ရေ အရီးအသားတိကို ကိုယ်ရို့ ရီးချင်ရေပိုင် မရီးကတ်ဖို့ ပြောချင်ပါရေ။ တချို့က မင်းသားကြီး ရွှေဘန်း ရီး၊ တချို့က မင်းသားကြီး ရွှီဘန်း ရီး ဇာက အမှန် ဇာကအမှားဆိုစွာ ဆန်းစစ်ပနာ ရီးသင့်ပါရေ။ ယင်းထက် အကျွန်ရို့မျက်စိအောက်က ပျောက်လား ခရေ ဆရာကြီး ဦးသာထွန်း(တစ်ကြိမ် နှစ်ကြိမ် ကန်တော့ပါယင့်) ကို ဥူးဥူးသာထွန်းလို့ ရီးကတ်စွာကို ကောင်းစိတ်မကောင်း ဖြစ်ရပါရေ။ ရှီးက အများသုံး ‘ဦး ‘ ကို ‘ ဥူး’ လို့ ရီးတောင်မက ‘အူး’ လို့ပင် ရီးပတ်စီ ပြဿနာ မဟုတ်ကေလေ့ ‘ ဦးသာထွန်း’ လို့ အမိအဖ ဆရာသမားတိက ပီးထားရေ ဆရာကြီး နာမည် ကို ဆရာကြီး ခြီဖျားကိုတောင် မမှီရေလူတိက ‘ ဥူးသာထွန်း’လို့ ရီးချင်ပိုင် ရီးကတ်စွာကို မရီးကတ်ဖို့ အနူးအညွတ် တောင်းပန်ယင်း အပြင်းအထန် ကန့်ကွက်ပါရေ။
ခိုင်မင်းဇံ(ရခိုင်ပြည်)
* Source – forward mail