လက်ဖက်ရည်နန့်ကျွန်တော် (အသိန်း - စစ်တွေ)


ကျွန်တော်လက်ဖက်ရည်ကိုဇာခါကပင် စလို့ကြိုက်လေ မမှတ်မိလိုက်ဗျာယ်။ စစွဲမမြဲစသောက်ဖြစ်စော် အချိန်ကို တော့မှတ်မိသိမ့်ရေ။ ဆယ်တန်းတိအောင်ကတ်လို့
ကောလိပ်ကျောင်း စမတက်ခင်စပ်ကြား။

ယင်းအချိန် မရောက်ခင်ထိ လုံးဝ မသောက်စွာမျိုး
တော့မဟုတ်။ ယေကေလေ့ ကကောင်း တစ်ခါတစ်လီမှ  သောက်ဖြစ်တေ လို့  ပြောရဖို့ထင်ယင့်။

ကျွှန်တော်ဆယ်တန်းအောင်ရေခါအမှတ်စိကေ လိုလားခလို့ ဆီးကျောင်းချော်ပြီးကေ  ဒေး(day)ကျောင်းကိုရောက် လားရေ။ ယင်းမှာ လေးတန်းအထိ တတူတက်ခပြီးကေ ကွဲလားခရေ သူငယ်ချင်းတစ်ယောက်နန့် လားတွိရေ။ သူကတော့ GTC ကျောင်းချော်လို့ ဒေးကိုရောက်လာစွာ။ ကျွှန်တော်ရို့နှစ်ယောက်စော် အင်္ဂလိပ်စာမေဂျာမှာ လားလို့တတူ ကျနိန်ခီရေ။

ယင်းပိုင်နဲ့မတွိစော် လည်းကြာဗျာယ်၊ ယပြီးကေ  ဒေးကျောင်းအကြောင်းလည်း စိကေမီးကြည့်မေဆိုပနာ ယင်းသူ့ အိမ်ကိုလားလည်ခီမှာ မဆီမဆိုင်တူနိန်စော်တစ်ခု လားတွိနိန်ခီရေ။ သူကလက်ဖက်ရည်ကို ဆိုင်မှာမ သောက်၊ ပါဆယ်ဆွဲသောက်တေ။ ယင်းခါကကျွှန်တော်လည်း လက်ဖက်ရည်သောက်ကေ များသောအားဖြင့် အိမ်ကို ပါဆယ်ဝယ်ပနာ သောက်စွာများရေ။ အိမ်ကလူတိကတော့ ကျွှန်တော့်ကို ၀ါကြီးလို့ ခေါ်ဂတ်တေပ။ ယေကေလည်းပြသနာမရှိ။ ကျွှန်တော်က ယင်းအချိန်ထိ လူကြောက်တတ်တေအကျင့် ဟိသိမ့်ရေ။

ယင်းအချိန်ကစလို့ ကျွှန်တော်ရို့နှစ်ယောက် လက်ဖက်ရည်ကို အိမ်ကိုပါဆယ် ဆွဲသောက်ဖြစ်တေ။ သောက် စော် အကြိမ်အရေအတွက်လည်း ယင်းသူ့အိမ်မှာပိုများရေ။ ယင်းသူက ဇာလို့တော့မဟုတ် .. ကျွှန်တော့်အိမ်ကို လာရစွာမကြိုက်။ ကျွှန်တော်ကလည်း ယင်းသူ့အိမ်ကိုလားရစွာ ပိုအဆင်ပြေပိုင် တွိလို့  သူ့အိမ်မှာစီ တွိဖြစ်ကတ်စွာ များရေ။ များသောအားဖြင့်တော့ တစ်ယောက်တစ်ထုပ်စီ ခွဲဝယ်ပနာ သောက်စော်များရေ။ ကျွှန်တော်ရို့နှစ်ယောက်စလုံး ဘိုင်ကျရေ အချိန်တိကလည်း မနည်း။ ယင်းပိုင်အချိန်တိမှာ ဇာလုပ်ကတ်လေဆိုကေ  ၅၀တန်လက်ဖက်ရည်တစ်ခွက် အယင်လားဝယ်ရေ။ ပြီးကေ ယင်းသူ့အိမ်မှာဟိရေ နို့ဆီဗူးကနို့ဆီ  တစိချေနန့်  ရီပူ ထည့်ပနာ နှစ်ခွက်ဖြစ်အောင် လုပ်သောက်ကတ်တေ။ ဖေးချာထောရေ အချိန်တိဆိုကေ မုန်းတိဘာတိ ၀ယ်စားလိုက်ကတ်သိရေပ။
ယေကေလေ့ တစ်နားကပြောရေပိုင် ဘိုင်ကျကေ မုန့်နှစ်ခုဝယ်ဖို့က ဖေးချာမလောက်။ ယင်းခါကျကေ ကျွှန်တော်ရို့ကမုန့်တစ်ခုတည်းဝယ်ပြီးကေ နှစ်ဝှက် ဝှက်ရေ။ ယင်းသူလည်းအစားနာ ကျွှန်တော်လည်း
အစားနာရေအတွက် ဇာပိုင်လုပ်ရလေ ဆိုကေ မုန့်ကိုယင်းသူခွဲရေအခေါက်ဆိုကေ ကျွှန်တော်အယင်ရွီးရေ။ ကျွှန်တော်ခွဲကေ ယင်းသူကရွီးရေ။ ယေခါခွဲစော်လူက … သိရေမလား တစ်ပျင်းချိန်လို့ ခွဲဗျာယ်လေ။
ဆိကေလောက် လက်မညီလိုက်စွာနန့် ကျန်စော်တစ်ယေက်က ကြီးရေအဖဲ့ကို ယူစား ဗျာယ်လေ။ နောက်တစ်ပုံစံ ကျွှန်တော်ရို့သောက်ကတ်စော်က လက်ဖက်ရည် ၅၀ တန်တစ်ထုပ် ဆိုင်ကပါဆယ်ဆွဲပြီးကေ super coffeemix တစ်ထုပ်စီ ရောလို့ဖျော်ပနာ နှစ်ယောက်သောက်တတ် ကတ်တေ။

လက်ဖက်ရည်သောက်ယင်းကျွှန်တော်ရို့ပြောဖြစ်စော်အကြောင်းအရာတိကို စိချေပြောပြမယ်။ ကျွှန်တော့် သူငယ်ချင်းက ဂီတနန့် စာဖတ်စော်ကိုကကောင်း crazy ဖြစ်တေ။ ယင်းသူပြောကေ စာအုပ်တစ်အုပ်၊ စာရီးဆရာ တစ်ယောက်ယောက်၊ တေးခြင်းတစ်ပုဒ်ပုဒ်၊ မဟုတ်ကေလည်း အဆိုတော်တစ်ယောက်ယောက် အကြောင်း ဖြစ်နိန်စွာများရေ။ ကျွှန်တော်ကတော့ယင်းအချိန်အထိ စာလို့လည်း ဟုတ်တိပတ်တိ မဖတ်ဖူး၊ တေးခြင်းလို့လည်းဟုတ်တိပတ်တိနားမထောင်ဖူးလို့ ယင်းသူပြောစော်ကို ယောင်ပြီးကေ လိုက်ပြောစွာ များရေ။ ယပြီးကေများသောအားဖြင့် ယင်းသူ့အသည်းစွဲ Aerosmith၊ Guns and Roses၊ Firehouse ရို့တေးခြင်းတိကို နားထောင်ဖြစ်တေ။

လက်ဖက်ရည်တိယတိသောက်ပြီး၊ စကားတိပြောပြီးလို့ ကျွန်တော် ပြန်ဖို့ဗျာယ်ဆိုကေ သူငယ်ချင်း စော် ကျွှန်တော်ဖတ်ဖို့ဆိုပနာ သူကြိုက်တေစာအုပ်တစ်အုပ်စီ ထိုးထည့်ပီးလိုက်တတ်တေ။ အစပိုင်းဆိုကေ ကျွှန်တော်လည်း အားနာနာနဲ့စီ သူပီးစော်စာအုပ်တိကို ယူလားတတ်တေ။ နောက်ပိုင်း ယင်းပိုင် ယူလားယင်းနန့် ကျွှန်တော်လည်း သူ့ပိုင် စားကြမ်းပိုးတစ်ယောက်  ဖြစ်လားခရလီယင့်။  အေအကြောင်းကို စဉ်းစားကြည့်လိုက်ကေ ကျွှန်တော့်မှာ ယင်းသူငယ်ချင်းကို ကျေးဇူးတင်လို့မဆုံး။

နောက်တစ်ခုပြောချင်စော်က ကျွှန်တော်နန့် ကျွှန်တော့်သူငယ်ချင်းနှစ်ယောက်စွာ လက်ဖက်ရည် အိမ်မှာ ထိုင်သောက်ရေအခါ တစ်ခါတစ်လီဆိုကေ တစ်ယောက်နန့်တစ်ယောက် စကားတစ်ခွန်းစ၊ နှစ်ခွန်းစထက် ပိုလို့မပြောရေ အခါတိရှိရေ။ စာအုပ်ကိုယ်စီ ဖတ်ပြီးကေ စာအုပ်ထဲမှာ ပြောစရာတစ်ခုခု ပါရေပိုင်တွိမှ ဘေးနားကလူကို လှမ်းပြော … ၊ ယင်းလူကလည်းတစ်ခွန်းတစ်ပါတပြန်ထောက် … ၊
ပြီးကေ ကိုယ်စာအုပ်ကိုကိုယ် ဆက်ဖတ် … ယလောက်ဗျာယ်။ ယင်းပိုင်။ သုံးလေးနာရီတောင် ....။

လက်ဖက်ရည် သောက်ဖြစ်တေ နောက်တစ်နီရာကတော့ကျွှန်တော်ရို့ကျောင်းသားတိ အားလုံး လားဖြစ်တေ ကျောင်းက ကန်တိန်း (canteen) … ယင်းကလက်ဖက်ရည်ကိုတော့  ကြိုက်လို့ လားသောက်စော် မဟုတ်၊ အပေါင်းအသင်း တိနန့် လီပန်းချင်လို့  ကန်တိန်း ကိုလားယင်း  သောက်စော်များရေ။ ယင်းမှာပြောဖြစ်ကတ်တေ အကြောင်းရာကတော့ တောင်ရောက်မြောက်ရောက် ၁၂ မျိုးဟင်းရည် ...
လူများအခန်းက စော်တိလန်ပျံအောင် ဆင်လာကတ်တေအချိန်မှာ ကိုယ့်အခန်းက ကလိန့်မေတိက ဆံပင်တစ်ဘုတ်ကို သရီကွင်းအဆိုးနန့် စည်းပနာ အိပ်ချင်မူးတူးမျက်နှာနန့် ကျောင်းလာတက်ကတ်တေ အကြောင်း၊ အေပုံစံအတိုင်းဆိုကေ အပျိုကြီး ဖြစ်လားနိုင်ရေအကြောင်း၊ ၀ိုင်ဝိုင်း သမင်လည်ပြန်ခွေ ကောင်းလို့ ၀ယ်ထားရေအကြောင်း၊ ကျောင်းကားမှာ ရှိခန်းကို ဆရာမနန့် လုစီးရေ ဒေ၀ီမမ အကြောင်း၊ အဆောင် ၁ ဘက်မှာ လူနည်းလို့ တေးခြင်းကို စိတ်ကြိုက်အော်ဆိုလို့ ရရေအကြောင်း၊ အဆောင် ၇ ဆောက်စွာနန့် အဆောင် ၁ စပျက်ရေ၊ အခုအဆောင် ၈ ဆောက်စွာနန့် အဆောင်၂ က မျက်နှာကြက်တိ စလို့ ပျက်စီးနီဗျာယ်အကြောင်း ၊ ကားခမဟိလို့ စက်သီးနန့် ကျောင်းတက်တေအကြောင်း ...
ထိုအကြောင်း ..
ဒေအကြောင်း ...
တောအကြောင်း ...
တောင်အကြောင်း ...
ကျွှန်တော်ရို့အချင်းချင်း ကြားမှာတော့ အတင်းအဖျင်းလို့မခေါ်။  ဆွေးနွေးရေလို့ ခေါ်ဂတ်တေ။

နောက်လက်ဖက်ရည် တစ်မျိုးက ကျွှန်တော့်အမိ ညပိုင်း အပြင်ထွက်ဖြစ်ကေ ဝယ်လာတတ်တေ အိမ်နားက လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်လေ။ ပြောရဖို့ဆိုကေ ယင်းလက်ဖက်ရည်က အင်တိုင်စုပ်တေ။ အစက ကောင်းမကြိုက်။ ယေလည်း သောက်ယင်းသောက်ယင်းနန့် နောက်ပိုင်းတော့ကြိုက်လားခရေ။ တစ်ခါတစ်ခါ ကျွှန်တော့်မေမေက မိန့်လားခလို့လက်ဖက်ရည် မဝယ်လာဆိုကေ ကျွှန်တော်စီ ကဂျီကဂျောင်ကျရေ။


၂၀၀၆ ကို fast forwardလုပ်လိုက်မေ။
ဆိုလိုက်ဖိ … ကျွှန်တော်ရန်ကုန်ကိုရောက်ပါလတ်တေ။ ဒီဇင်ဘာကုန်ခါနီး။ ရန်ကုန်မှာကတော့ စစ်တွေထက် လက်ဖက်ရည်ဆိုင်အရေအတွက် ပိုများစော်ကို ပြောစရာတောင်မလိုပ။  ဂွကျစော်က ကျွှန်တော့်မှာ ဗမာစကားလည်း ကကောင်းရရည်လလည် မပြောတတ်။ ပြီးကေ လက်ဖက်ရည်အမျိုး အစားလည်း ပိုများလာစွာ တစ်ကြောင်း၊ ပုံမှန်၊ ရှယ်၊ ပလိန်းနို့စိမ်းပေါက်၊ ပုံမှန်မှာတခါ ချိုပေါ့၊ ချိုဆိမ့်၊ ကျဆိမ့်၊ ပေါ့ဆိမ့်၊ 
လက်ဖက်ရည် သောက်ချင်စော်က တစ်မျိုး၊ ရလာစော်က တစ်မျိုး။ နောက်တစ်ခုက ရန်ကုန်ချိုပေါ့က စစ်တွေက ချို့ပေါ့နန့်လည်းမတူ။ ချိုဆိမ့်လည်းယင်းပိုင်၊ ကျဆိမ့်လည်း ၄င်းကောင်းအတိုင်း။ ရလဒ်ကဇာလေဆိုကေ ကျွှန်တော့်လျှာက တစ်လခွဲ၊နှစ်လလောက် cultural shock ရလားခရေ။ နောက်ပိုင်းကျရေခါလည်း လက်ဖက်ဖြစ်နိန်ရေ အတွက်တာနန့် ကျွှန်တော့်မှာ ကြိုက်လားခစော်ဗျာယ်။ မသောက်ဘဲနန့် ကလည်း မနိန်နိုင်လေ။
အဆိုးဆုံးအချက်က လက်ဖက်ရည်သောက်ဖော်တိမဟိ။ ကျွှန်တော်က အပေါင်းအသင်း ကကောင်း ဆန့်ရေအထဲက မဟုတ်။ ရန်ကုန်မှာကအပေါင်းအသင်းလို့ မများစစားမဟိ။ ဟိသမျှ သူငယ်ချင်းတိ အားလုံးနီးပါက ယင်းခါ စစ်တွေမှာရာ ဟိကတ်သိမ့်ရေလေ။ ယင်းရက်ပိုင်းတိမှာ လက်ဖက်ဆိုင် ထိုင်ကေလည်း အကြာကြီးဇိမ်ခံလို့မထိုင်ဖြစ်။ ဇိမ်ခံလို့ ထိုင်ဖြစ်တေခါ လည်းမျက်နှာကို စာအုပ်ထဲမှာဝှက်ပြီးကေ ဆိုင်ထဲကို ဝင်ထွက်လားစော်လူတိကို check စော်ကများရေ။

ကောင်းမကြာခင်မှာ လက်ဖက်ရည်နန့် ပက်သက်လို့ ကျွှန်တော်ဧ။်မှောင်မိုက်သောနိန့် ရက်များ ကျရောက်ပါလီယင့်။ ကျွှန်တော် အကြီးအကျယ် ဘိုင်ကျရေ။ လုံးဝ tight budget … ထမင်း စားစော်မှာတောင် ကြက်ဥကြော် (သို့) ပြုပ်။ မဟုတ်ကေ ဟင်းရွက်ကြော်။ လက်ဖက်ရည် နိန့်တိုင်းထွက်သောက်ဖို့ ဖေးချာ အပိုမရှိဖြစ်လားခရေ။ ကကောင်းကို ခံရခက်ခစော်မလား။ ယေကလည်း လက်ဖက်သောက်ခြင်းကို ကျွှန်တော့်တန့်ရေလို့ မပြောလေ။ ဆိုင်ကိုထွက်သောက်ခြင်းကိုတန့်လိုက်စော်။ ရယ်ဒီမိတ် လက်ဖက်ရည်ထုပ်တိကို ပြောင်းသောက်တေ။

ပြောရဖို့ဆိုကေ ရယ်ဒီမိတ်ထုပ်တိက ပိုသန့်ရေလို့ ခံစားမိရေ။ ယေကေလေ့ လက်ဖက်ရည်သောက်တေဆိုစော် လက်ဖက်ရည် သောက်ဖို့ဆိုစော်ထက် ဆိုင်ကိုလားပြီးကေ ဆိုင်မှာ အပေါင်းအသင်းတိနန့် လီပန်းစော်က ပိုလို့အခရာ ကျစော်လို့ထင်ရေ။ ယင်းအတွက်နန့် ကိုကျွှန်တော်ရို့မှာ လက်ဖက်ရည်ဆိုင်cultureလို့ ဟိနိန်စော်မလား။ ယင်းအတွက်နန့် လက်ဖက်ရည်ဆိုင်ကို လားပြီးကေ လက်ဖက်ရည်မသောက်နိုင်ရေ feeling စော် အောင့်သက်သက်နန့် ခံရခက်စော်မလား။

နောက်တစ်ခေါက် fast forward လုပ်လိုက်မေ။ ၂၀၁၀။
စစ်တွေက အပေါင်းသင်းတိ၊ အထူးသဖြင့် အစကပြောခရေ ဂီတနန့်စာအုပ်ကို crazy ဖြစ်တေဆိုရေ သူငယ်ချင်းရို့တိ ရန်ကုန်ကို တစ်ယောက်ပြီးတစ်ယောက် ပေါက်ချပါလတ် ကတ်တေလေ။ ကျွှန်တော်ရို့ အားလုံးနီးပါကလည်း ဘိုင်မကျဂတ်ယာ။ အထူးသဖြင့် ကျွှန်တော်ပလေ။ လက်ဖက်ရည် သောက်ဖို့ဖေးချားကို ပူပန်ရရေအဆင့်ကိုတော့ ကျော်ပါလတ်ဗျာယ်လို့ ပြောရဖို့လား။ ပြီးကေ
တစ်ချိန်တည်းမှာ အားလုံးသူ အစုလိုက်အပုံလိုက် ဘိုင်ကျရေလို့လည်း ကောင်းမဟိလိုက်ဗျာယ်။
အားဂတ်လို့စုကျကေ ကျွှန်တော်ရို့  ပတ်လို့ လက်ဖက်ရည်ဆိုင် ထိုင်ရေ။ ကျောက်မြောင်းမှာ အထိုင်ဖြစ်ဆုံး ဆိုင်ကတော့ ကျောက်မြောင်းစတိုးနားက ကျွှန်တော်ရို့အခေါ်နှာဗူးကုန်းလက်ဖက်ရည်ဆိုင်။

နှာဗူးကုန်းလို့ ခေါ် စော်ကလည်းမလွန်။ ယင်းနေရာက ဗျူုးကောင်းရေ၊ ကျောက်မြောင်းတစ်ခွင်က မမချေတိကလည်း ယင်းနားက ဖြတ်လားဂတ်စော်မလား။ ဆိုင်မှာ ထိုင်ပနာ လက်ဖက်ရည် သောက်ယင်းနန့်
ဖြတ်လားသမျှ ပျိုပျို ရွယ်ရွယ် မဒီဒေ၀ီတိကို လိုက်ကြည့်ရေ။ ယင်းပိုင် …………………………။

နောက်တစ်ဆိုင်က မြေနီကုန်းက လောကနတ်ဆိုင်။ ယင်းဆိုင်ကတော့ တစ်ကူးတစ်ကား ထိုင်ရေ ဆိုစော်ထက် လမ်းကြုံလို့ထိုင်ဖြစ်စော်။ လက်ဖက်ရည်ဆိုင်တိအကြောင်းကိုတော့ အသေးစိတ်မပြောဗျယ်။
နောက်မှ ကြုံကေယကေ ပြောဦးမယ်။ လှည်းတန်း I T ဆိုင်မှာလည်း အင်တိုင်ထိုင် ဖြစ်တေ။ အထိုင်အများဆုံးကတော့ ကျွှန်တော်နောက်ဆုံးနိန်ခရေ စမ်းချောင်းအိမ်နားကဆိုင်။ အိမ်နားဖြစ်နိန်ရေ အတွက် အပေါင်းအသင်းတိ လာဂေ တည်ခင်းဧည့်ခံကျွှေးမွှေးရေနိန်ရာ။ ဆိုင်ကတော့ အစုပ်တိထဲမှာပါရေ။ ယေကေလေ့ ဆိုင်ရှင်လင်မယားနန့် စားပွဲထိုးတိက ဆက်ဆံရေးကောင်းလို့ ထိုင်ဖြစ်တေ။ ဟုတ်ပါဗျာယ် ... ဆိုင်တိအကြောင်း နောက်မှပြောမယ်။

ကျွှန်တော်က လက်ဖက်ရည်ဆိုကေ ချိုပေါ့ကြိုက်တေ။ ကျွှန်တော်ကောင်းအချိုမကြိုက်၊ ပြီးကေ အဖန်ဆီ ကကောင်းပြင်းကေလည်း မသောက်တတ်။ ယေကေကျွှန်တော့အကြိုက်နန့်  အနီးဆုံးက ချိုပေါ့ဖြစ်နိန်ရေ။
ပြီးကေ ရှယ်ထက် ရရိုးကိုပိုကြိုက်တေ။ အချေကနိန်အကျင့်လို့ပြောရဖို့။ အချေခါဆိုကေ အိမ်မှာက နိန့်တိုင်းပိုင်ဗျာယ် နွားနို့ သောက်ဖြစ်တေ။ ယင်းကနိန် အကျင့်တိပါလာစော်လို့ ထင်ယင့်။
ယေကေလေ့ ရှယ်ကိုကြိုက်စော်တစ်ချက်တော့ ဟိရေ။ ကျွှန်တော်က တစ်ခါတစ်ခါ ရှယ်မှာလို့သောက်တေအခါ လက်ဖက်ရည်ခွက်ကို အလပလမွိန်ဖို့စော်ကို မိန့်တတ်တေ။ ယေခါ
နို့ဆီအနှစ်တိ နည်နည်းစီ ကျန်ခရေမလား။ ယင်းဟင့်ကို ဇွန်းနန့်ကော်ပနာ စားရစော်ကိုတော့ သဘောကျယင့်။ ယေကေလေ့ ယင်းပိုင်စားရအောင်ဆိုပြီးကေ တမင်တကာမမွိန်ပဲ ထားစော်လားဆိုကေ
လည်းမဟုတ်။


ဒေစာကိုရွီးနိန်ရေအချိန်မှာ ကျွှန်တော့်လက်ဖက်ရည်သောက်ခြင်း ဒုတိယအကြိမ်မြှောက် မှောင်မိုက်သော နိန့်ရက်တိကို ရောက်နိန်ရေ။ အေဂုကျွှန်တော် အကြောင်းကံ တိုက်ဆိုင်လို့  ဟောင်ကောင်မြို့ကို  ရောက်နိန်ရေ။ ဇာတွက်နန့် မှောင်မိုက်သောနိန့်ရက်တိကို ရောက်ရလေဆိုကေ တစ်အချက်က ကျွှန်တော်ထပ်လို့တစ်ခါဘိုင် ကျနိန်ရေ။ ယင်းအတွက်နန့်...

ဒေမှာ လက်ဖက်ရည်တိ ထွက်သောက်လို့ရကေလေးသော့ တစ်ခွက်ကို ကိုယ်ရို့ဖေးချာနဲ့ ဆိုကေ ခုနစ်ရာလောက် လားကျရေ။ တစ်ရက်ကို တစ်ခွက်နှစ်ခွက်သောက်ဖို့ဆိုကေ နည်းနည်းထောက်တေပ။
နောက်တစ်ချက်က ကျွှန်တော် ရန်ကုန်ကိုရောက်စခါပိုင် ကျွှန်တော့်လျှာ အသားမကျသိ ဖြစ်နိန်ရေ။ အေမှာကျွှန်တော် သောက်ဖူးရေ လက်ဖက်ရည် အားလုံးနီးပါးက ကျွှန်တော်ဗမာပြည်မှာ သောက်ခရေ ချိုဆိမ့်နန့်  လားတူနိန်ရေ။  ကျွှန်တော်တစ်နားက ပြောရေမလား အဖန်ဆီ ကောင်းများကေမကြိုက်လို့။  အေကလက်ဖက်ရည်က ကကောင်း အဖန်ဆီများရေ။ လက်ဖက်ရည်ကိုတော့ အလပ နှပ်ထားပါယင့်၊
အဖန်ဆီ ယင်းလောက်များလားခကေ သောက်လို့မရလိုက်ဗျာယ်။ ကိုယ့်ပြည်ကိုပြန်မရောက်ခင် ဒေမှာနောက်လေးငါးလလောက် ဟိဖို့သိ။ အေကြားထဲမှာ ယင်းပိုင်ပဲလိမ့်ပြီးကေ လက်ဖက်ရည် ကကောင်းမမွန်မသောက်ပဲ နိန်လီရဖို့ဗျာယ်မလားယေ။ ဇာတတ်နိုင်ဖို့လေး။ တစ်ခါတစ်ခါ ဖေးချာနည်းနည်း ပပိုချချန်ဟိကေတော့ ဒေမှာရောင်းရေ အဖန်ဆီကျပြီးကေ နှပ်ထားစော်ကိုရာ လားသောက်နိန်လီရဖို့ဗျာယ်။ အလွမ်းပြေလောက်ပ။ 

တစ်ခုပြောရဖို့သိ။
အေကလူတိကတော့ သူရို့စော်သူရို့ ကောင်းဟုတ်နိန်ဂတ်ဗျာယ်ပ။ စကားစပ်လို့ပြောဖြစ်ကေ ကျွှန်တော့်ကိုပြောဂတ်သိယင့်။ သူရို့လက်ဖက်ရည်က လုံးဝ ထူးခြားရေပ။ ကျွှန်တော် ကလည်းဇာရဖို့လေး။
ပြောထည့်လိုက်တေ။ မင်းရို့မှာပိုင်ငါရို့က ၂ အချိုး ၁၊ ၁ အချိုး၂ ဆိုပြီးကေပုံသီထားလို့ ဖျိုစော်မဟုတ် … လို့။ အဖန်ဆီ အချိုးအစားလိုက်၊ သကြား အချိုးအစားလိုက်၊ နို့ဆီ အချိုးအစားလိုက် လက်ဖက်ရည်ကို အမျိုးတစ်ရာလောက် ခွဲထားရေလို့။  ကျွှန်တော်သိပါရေ .. နည်းနည်းပိုလားစော်ကို။  ယေကေလေ့သိရေမလား  ... မုသားမပါလင်္ကာမချောလေ ……..။


အသိန်း - စစ်တွေ