
အို … ညစာ
တစ်ပွင့်သျှေတောင်မပွင့်ရေ အာကာနာန့်
ဇာခါ … မြီပြင်ကမွှီးလီဖို့
ချစ်တေဆိုကေလေ့
ဒေ … အနှစ်မဟိရေ မျက်လှည့်အဆုံးကို
ဇာပိုင် အဖုံးဖွင့်ကြည့်လို့ရလီဖို့
မ၀ါပါကေ့ရည်းစားဦး
အလှ … ပလှ ပြုံးရယ်လိုက်တေခါ
မင်းနခမ်းထက်မာ
ဝင်္ကဘာတစ်ခု
ဝံပုလွေတစ်ကောင်
အီးယောင်လေ၊ ဘားဘာကယ်ပါလို့
ယောင်ရအောင်ထိ
ရင်ဆို့ကြယ်ကြွီ၊ စည်းဝါးနရီ မှားလီဗျာယ်။
ကြားလား ……….
ညစာထဲမာ
ပင်လယ်ပြာက အသင်ယှူပြင်းလို့
ကြားလား ………
ညစာထဲမာ
မဟာမုန်တိုင်းက လီချွန်လာရေ
သဇင်တစ်ခက်၊ ပန်ပါ ညစာ
လမင်းကို ထွန်းပီးပါ
ပြီးကေ …
ကြယ်တိကို၊ မျက်လုံးမာ တပ်ပီးပါ။
စုတ်ပြတ်သပ်၊ ညစ်ပတ်နီရေ၊ ၀ဋ်ကြွီးတိနန့်
ရီစပ်စပ် သဲခုံထက်မာ
“ ချစ်တေ ” ဆိုရေစာလုံးကို
ရည်းစားအလိုကျ ငါရီးခဗျာယ်
သစ္စာတိပွန်းလို့
အဖြူရောင်အ၀တ်တိ စွန်းထင်းလားခကေ
“ သာခြင်း ” တိနန့် မျိုစပ်ထားရေ
လက်ဆည်ကန်မာ၊ ဖွတ်ပစ်မေ
မိုးထဖက်၊ အရုဏ်တက်ပါဖိ
ရည်းစားဦးအပြုံး ပီတိနန့်
နှလုံးသားအလင်းပကတိကို
မြင်လိုရေ၊ ဒေကမ္ဘာမာ
အို … ညစာ
အလင်းပွင့်သျှေတစ်ပွင့်၊ ပွင့်ပီးပါ ။ ။
ပန်(စစ်တွေ)
(ရခိုင်ရိုးမ မဂ္ဂဇင်း အမှတ် (၅)၊ ၂၀၀၅ – စက်တင်ဘာ)
* Source