ပညာအုတ်ဖြင့် ပြည်တည်မည့် “၀ံလက်ဖောင်ဒေးရှင်း”

“အရင်တုန်းကဆို ကလေးတွေဟာ ဘုရားဖူးတွေဆီမှာ ပိုက်ဆံ လိုက်တောင်းတယ်၊ ဘုရားဖူးတွေ ချွတ်ထားတဲ့ ဖိနပ်တွေ ခိုးယူသွားတယ်၊ ကျနော်တို့ရဲ့  (ရောင်ခြည် အခမဲ့ပညာသင်ကျောင်း) ကို ဖွင့်ပြီးတဲ့ နောက်ပိုင်း ကလေးတွေ ပိုက်ဆံတောင်းတာတို့၊ ဖိနပ်ခိုးတာတို့ ပျောက်သွားတယ်” ဟု “ ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း” ဒါရိုက်တာအဖွဲ့ဝင် ခိုင်ကောင်းစံ ပြောပြတာဖြစ်ပါတယ်။

ဂူဝ ကျေးရွာဟာ ကုလားတန်မြစ် အနောက်ဖက်ကမ်း နံဘေးပေါ်မှာ တည်ရှိပြီး၊ ပုဏ္ဏားကျွန်းမြို့နဲ့ လမ်းလျှောက်ရင် ၄၅ မိနစ် ခရီးသာရှိတဲ့ အိမ်ခြေ (၆၅) ဆောင်ရှိတဲ့ ရွာကလေးပါ။ ဂူဝဘုရားကို အမှီပြုပြီး ဂူဝကျေးရွာလို့ အမည်တွင်လာ တာဖြစ်ပါတယ်။ ကျောက်တောင်ကို ထွင်းပြီး ပြုလုပ်ခဲ့တဲ့ ရှေးဟောင်း ဂူဘုရားဖြစ်ပါတယ်။ ဆောင်း၊ နွေရာသီရောက်ပြီဆိုရင် ရခိုင်ပြည်နယ် အနှံ့က ဘုရားဖူးတွေ ဂူဝဘုရားကို လာရောက် ဖူးမျှော် ကြပါတယ်။
ဒီရွာကလေးမှာ ၂၀၁၁ ခုနှစ်မတိုင်မှီထိ အစိုးရ စာသင်ကျောင်းဆိုတာ မရှိပါဘူး။ တရွာလုံး ကလေးငယ် အရေအတွက်က (၁၃၀) လောက်ရှိပါတယ်၊ အသက် (၅)နှစ်ကနေ (၁၂) ထိကတော့ (၉၀) ကျော်လောက် ရှိတဲ့ တံငါရွာကလေးတစ်ရွာဖြစ်ပါတယ်။ ရွာဆိုပေမဲ့အစိုးရအသိအမှတ်ပြု ကျေးရွာတော့မဟုတ်ပါဘူး။ မြို့ပေါ်မှာရှိတဲ့ ရွာဟောင်းရပ်ကွက်မှာ တွဲပြီးစာရင်းဝင်နေတဲ့ ရွာကလေးပါ။
“ မြို့နဲ့ ၄၅ မိနစ်ခရီးအကွာမှာရှိတဲ့ရွာမှာ စာသင်ကျောင်းမရှိဘူး၊ ကျနော် မြို့နယ် ပညာရေးမှူးနဲ့ တွေ့ဆုံပြီး ဒီရွာလေးရဲ့ စာသင်ကျောင်းကိစ္စ ဆွေးနွေးဖြစ်တယ်။ မြို့နယ်ပညာရေးမှုးက ကျောင်းသား (၇၁) ယောက် ဆိုရင် အစိုးရအသိအမှတ်ပြု ကျောင်းဖွင့်လို့မရဘူး လို့ပြောတယ်၊ ကျောင်းသား (၁၀၀) ယောက်ပြည့် ရင်တော့ အသိအမှတ်ပြု ကျောင်းဖွင့်ဖို့ ပြည်နယ် ပညာရေးမှူးထံ တင်ပြပေးလို့ ရတယ်လို့ပြန်ပြောတယ်။ ဒါကြောင့် ကျနော်တို့ ဒေသခံ အလှူရှင်တွေကို ရှာဖွေပြီး

နှစ်သစ်အာသာ (မိုးမြင့်ကြယ်)

နှစ်ထောင့် တစ်ဆယ့်နှစ် နှစ်သစ်မှာ
ငါရို့ အမွတ်သိပ်ဆုံးအရာ..
ပိုင်ညာ(ပညာ)

အမှန် ဆိုကေ...
ပင်မြင့်ယံထက် ၀င့် ကြွားနီရေ
သဇင်ခက်ချေရို့ ပိုင်
ကမ္ဘာမှာ စံတင်လောက်အောင်
လူတော် လူဇော်
လူချွန်လူမွန် ရို့
ထွန်းကားဖူးရေ၊ ထွန်းကားနီရေ
ထွန်းကားလီဖို့  ငါ ရို့ မျိုးနွယ်

အမှန်ဆိုကေ ...
သူရို့ သူရို့  သွီးတိ
သူရို့ သူရို့  ဒီအန်အေ စီးကြောင်းတိ
ငါ့ ရို့ နှလုံးအိမ်ထဲမှာ
လှည့်လည် လည်ပတ်လို့
စီးဆင်းနီစွာ ပါရာယေ

လာ .. လာ .. ယေကေ လာကတ်ဝေ
ငါ ရို့ လက်ထက်ခါမှ မညံ့ လီရ အောင်
ရခိုင်မှန်ကေ ဗီဇ အစွမ်း ပြလို့
ဦးဏှောက် မုန်းတိုင်း ဆင်ကတ်မယ်။



မိုးမြင့်ကြယ်
* Source

BBC interview with Maung Aye Thein (Arakanese student, Hong Kong University)


အာရှမှာ အကောင်းဆုံးတက္ကသိုလ်လို့ သတ်မှတ်ခံရတဲ့ ဟောင်ကောင်တက္ကသိုလ်မှာ ပညာသင်နေသူ ရခိုင်လူငယ် ကိုအေးသိန်းကို BBC မြန်မာပိုင်းရဲ့ မိုဘီဂျီနို အစီအစဉ်မှာ အင်တာဗျူးထားတာ ဖြစ်ပါတယ်။
ဒီတက္ကသိုလ်မှာ စကောလားရှစ်နဲ့ ပညာသင်ကြားနေပေမယ့် သူ့ ရဲ့ ဘ၀အစပိုင်းမှာတော့ ပညာသင်ကြားနိုင်ဖို့ က ထင်သလောက် မလွယ်ခဲ့ ဘူးလို့ ဆိုပါတယ်၊

ဒီလင့်ကိုနှိပ်ပြီး နားဆင်နိုင်ပါတယ်
* Click Here To Listen

လက်ဖက်ရည်နန့်ကျွန်တော် (အသိန်း - စစ်တွေ)


ကျွန်တော်လက်ဖက်ရည်ကိုဇာခါကပင် စလို့ကြိုက်လေ မမှတ်မိလိုက်ဗျာယ်။ စစွဲမမြဲစသောက်ဖြစ်စော် အချိန်ကို တော့မှတ်မိသိမ့်ရေ။ ဆယ်တန်းတိအောင်ကတ်လို့
ကောလိပ်ကျောင်း စမတက်ခင်စပ်ကြား။

ယင်းအချိန် မရောက်ခင်ထိ လုံးဝ မသောက်စွာမျိုး
တော့မဟုတ်။ ယေကေလေ့ ကကောင်း တစ်ခါတစ်လီမှ  သောက်ဖြစ်တေ လို့  ပြောရဖို့ထင်ယင့်။

ကျွှန်တော်ဆယ်တန်းအောင်ရေခါအမှတ်စိကေ လိုလားခလို့ ဆီးကျောင်းချော်ပြီးကေ  ဒေး(day)ကျောင်းကိုရောက် လားရေ။ ယင်းမှာ လေးတန်းအထိ တတူတက်ခပြီးကေ ကွဲလားခရေ သူငယ်ချင်းတစ်ယောက်နန့် လားတွိရေ။ သူကတော့ GTC ကျောင်းချော်လို့ ဒေးကိုရောက်လာစွာ။ ကျွှန်တော်ရို့နှစ်ယောက်စော် အင်္ဂလိပ်စာမေဂျာမှာ လားလို့တတူ ကျနိန်ခီရေ။

ယင်းပိုင်နဲ့မတွိစော် လည်းကြာဗျာယ်၊ ယပြီးကေ  ဒေးကျောင်းအကြောင်းလည်း စိကေမီးကြည့်မေဆိုပနာ ယင်းသူ့ အိမ်ကိုလားလည်ခီမှာ မဆီမဆိုင်တူနိန်စော်တစ်ခု လားတွိနိန်ခီရေ။ သူကလက်ဖက်ရည်ကို ဆိုင်မှာမ သောက်၊ ပါဆယ်ဆွဲသောက်တေ။ ယင်းခါကကျွှန်တော်လည်း လက်ဖက်ရည်သောက်ကေ များသောအားဖြင့် အိမ်ကို ပါဆယ်ဝယ်ပနာ သောက်စွာများရေ။ အိမ်ကလူတိကတော့ ကျွှန်တော့်ကို ၀ါကြီးလို့ ခေါ်ဂတ်တေပ။ ယေကေလည်းပြသနာမရှိ။ ကျွှန်တော်က ယင်းအချိန်ထိ လူကြောက်တတ်တေအကျင့် ဟိသိမ့်ရေ။

အိမ့်အေးကျော်

ပန်းချီဆရာ အိမ့်အေးကျော် ဆွဲရေ ပန်းချီကားတိကို 
လက်လှမ်းမီသလောက် တင်ပီးလိုက်ပါရေ  ...
ပုံထက်မှာ ကလိခ်(click) နှိပ်ပနာ အကြီးချဲ့  ကြည့်လို့  ရပါရေ



မြင့်နိုင်

ပန်းချီဆရာ မြင့်နိုင်  ဆွဲရေ ပန်းချီကားတိကို 
လက်လှမ်းမီသလောက် တင်ပီးလိုက်ပါရေ  ...
ပုံထက်မှာ ကလိခ်(click) နှိပ်ပနာ အကြီးချဲ့  ကြည့်လို့  ရပါရေ



သန်းကျော်ဌေး

ပန်းချီဆရာ သန်းကျော်ဌေး ဆွဲရေ ပန်းချီကားတိကို 
လက်လှမ်းမီသလောက် တင်ပီးလိုက်ပါရေ  ...
ပုံထက်မှာ ကလိခ်(click) နှိပ်ပနာ အကြီးချဲ့  ကြည့်လို့  ရပါရေ



ရခိုင်ရိုးမကို ကျောပိုးထားတဲ့မြို့ (လင်းဥာဏ်ညီ)

မြို့ဟာ
လူစိမ်းနံ့ ရတာနဲ့
သူ့အတောင်ပံတွေကို ဆွဲဖြန့်လိုက်တာပဲ

မျက်လုံးတွေက
တစ်နေရာတည်းကို စူးစိုက်ထားဖို့

ဘယ်လောက် တိုးညှင်းတဲ့လေတိုးသံလဲ
နားက ...
စကားလုံးတွေ ပြန်ဖွဲ့ပြဖို့ အသင့်

ဧည့်ကောင်းဆောင်ကောင်းဆိုလည်း
ဝတ္တရားမပျက်
ဓားဆိုလည်း ... ဓား
မြှားဆိုလည်း ... မြှား
အ, ရွံ့ တဲ့စိတ်နဲ့
မြို့ ရဲ့  အနှံ့  မှာ မှန်ချပ်တွေထောင်လို့

တစ်စုံတစ်ခုဆိုရင်
ကုန်းနှီးမပါလည်း မြင်းကိုဒုန်းစိုင်းဖို့
ရေပြင်ပေါ်ခဲလုံးကျသလို
သူ့အပေါ် ထနေတဲ့ဂယက်ကို
ထိန်းချုပ်လို့ မရဘူး ...

နွံဟာနွံဘဲ
ပတ္တမြားဟာပတ္တမြား
မြို့ ဟာ ...
ဘယ်တော့မှမနစ်တဲ့ သတိတရား။




လင်းညဏ်ညီ
* Source

“နင်” ... သိ့စီချင်ရေ (စောပြည့်ညို)

ချစ်သူ
နင်ကတော့ ချစ်တယ်လို့ ပြောရုံဗျာလ်
ငါ့ဘက်ကတော့ နှလုံးသား တစ်ခုလုံး ပီးထားရစော်

ချစ်သူ
နင်ကတော့ လွမ်းရေလို့ ဆိုရုံဗျာလ်
ငါဘက်ကတော့ မျက်ရည်တိ့နန့် ငိုကြွေးခရစော်

ချစ်သူ
နင်ကတော့ မိန့်ပလိုက်ဖို့ စကားပြောရုံဗျာလ်
ငါ့ဘက်ကတော့ နှလုံးသားတစ်ခုလုံး  စတေးခရစော်တောင်
ငိုကြွေးဖို့ အင်အား မဟိ့လောက်အောင်ပါ

ချစ်သူ
နင်ကတော့ နားလည်ပီးပါ ဆိုရေ စကားတစ်ခွန်း ပြောရုံဗျာလ်
ငါ့ဘက်ကတော့ ကျိန်စာသင့်ရေ ငှက်တစ်ကောင်ပိုင်
ပျံသန်းခွင့် မဟိ့ဘဲ နိန်ရာမှာတင် ခြီစုံရပ်ပနာ
နင့်ကို မျှော်လင့်နိန်ဆဲဆိုစော်
“နင်”  ...  သိ့စီချင်ရေ...။


(စောပြည့်ညို)
* Source

ရွှေသိန်း

ပန်းချီဆရာ ရွေသိန်း ဆွဲရေ ပန်းချီကားတိ ကို လက်လှမ်းမီသလောက် တင်ပီးလိုက်ပါရေ၊
ပုံထက်မှာ ကလိခ်(click) နှိပ်ပနာ အကြီးချဲ့  ကြည့်လို့  ရပါရေ




ကျနော်သိသော ရခိုင်လူမျိုး သမိုင်းပါမောက္ခ အေးချမ်း (လှရွှေ)

သမိုင်းဆောင်းပါးတစ်စောင် ကိုရေးတာထက် လူတဦးရဲ့ဘ၀ ပုံရိပ်လွှာကို ရေးရတာ ကျနော့်အတွက် အခက်ခဲဆုံး ဖြစ်တယ် ဆိုတာကို ၀န်ခံရပါမယ်။ ကျနော်နှင့် လူချင်းမတွေ့ဆုံ ခဲ့ပေမယ့် ဘ၀အချိုး တကွေ့မှာ ဒေါက်တာ အေးချမ်း ဆိုသော နာမည်ကိုကြားခဲ့ဖူးပါတယ်။

ကျနော်မှတ်မိသလောက် ၁၉၉၃ ခုနှစ် မတ်လ ထင်ပါတယ်။ ကျနော် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ထူးတန်း တက်ဖို့ရောက်လာခဲ့တဲ့အချိန်။  တက္ကသိုလ် စာသင်ခန်းထဲ မ၀င်မှီ စစ်တွေတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဦးရဲနိုင်ရဲ့ မိတ်ဆက်စာကို ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ ကျော်ဝင်းဆီ သွားပေးပါတယ်။ ကျနော်ရဲ့ မိတ်ဆက်စာ ကိုပေးပြီးတဲ့နောက် သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်းက သားရေ့ လဘက်ရည် ဆိုင်ကိုသွားရအောင်တဲ့။ ကျနော်လည်း ဘုမသိ ဘမသိ လ္ဘက်ရည်ဆိုင်ကို ဆရာကြီး နောက်က လိုက်ပါခဲ့ရပါတယ်။

လ္ဘက်ရည်ဆိုင်မှာဘဲ သားက ရခိုင်လားတဲ့၊ ဟုတ်ကဲ့ပါလို့ ပြန်ဖြေတော့၊ ဆရာကြီးဒေါက်တာ ကျော်ဝင်းက ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ကိုရောက်လာတဲ့ ရခိုင်ကျောင်းသား၊ ဆရာတွေထဲမှာ ခပ်ညံ့ညံ့ မရှိဘူးတဲ့။ ကျနော်လည်း ဆရာကြီးက ဘာကို ဘယ်လိုပြောမှန်း မသိတော့ ခပ်ငြိမ်ငြိမ်လေးနေပေးရပါတယ်။ သားရေ့ သမိုင်းဌာနကို ရောက်လာတဲ့ ရခိုင်လူမျိုးထဲမှာ ဆရာသိတာ တယောက်ဘဲရှိတယ်ကွ၊ ဒေါက်တာအေးချမ်းတဲ့။

ရခိုင်စာပီကို မဖျက်ဆီးကတ်ပါကေ့ – ခိုင်မင်းဇံ(ရခိုင်ပြည်)

ရခိုင်နိုင်ငံရေးသမားတိ၊ ရခိုင်အမျိုးသားရေးဝါဒီတိ ရခိုင်စာပီကို စိတ်ဝင်စားလာစွာကို ကြိုဆိုပါရေ။ ဝမ်းသာပါရေ။ ဂုဏ်ယူပါရေ။ ယကေလေ့ ရခိုင်စာပီကို ကိုယ်ရို့ ထင်ကေ ထင်ရေပိုင်၊ ချင်ကေ ချင်ရေပိုင် မရီးကတ်ဖို့ အလီးအနက် တောင်းပန် ပါရေ။ အထူးသဖြင့် ရှီးဟောင်း အရီးအသားတိနန့် ပုဂ္ဂလိက ပိုင်ဆိုင်ရေ အရီးအသားတိကို မဖျက်ဆီးစီချင်ပါ။ ရခိုင်စာပီကို ချစ်တေဆိုကေ လုံးဝ(လုံးဝ) မဖျက်ဆီးဖို့ မေတ္တာရပ်ခံအပ်ပါရေ။

(အမျိုးသီလ နှစ်ဌာနကို ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည့် ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့် အနွတ္တသညာ ခေါ်အပ်ရာတည်း) အသျှင်နာဂိန္ဒမော်ကွန်း ……. အေမော်ကွန်းထဲက ရက္ခိုင် ကို ရခိုင် လို့ ပြောင်းမရီးသင့်ပါ။ တခြား အရီးအသားတိမာ ဇာပိုင်ပင်ရီးရီး ပြဿနာမဟိပါ။ ယေကေလေ့ အသျှင်နာဂိန္ဒမော်ကွန်း ကို တိုက်ရိုက် ယူပနာ သုံးရေခါ ယင်း ရက္ခိုင် အရီးအသားအတိုင်း ရီးသားသင့်ပါရေ။ ယေမှလေ့ ရခိုင်စာပီ ကို ချစ်ရာရောက်ပါဖို့။ တခြားတခြား ရှီးဟောင်းစာပီတိနန့် ကျောက်စာတိ ကိုလေ့ မူရင်းအရီးအသား မူရင်း စာလုံးပေါင်း အတိုင်း ရီးသားကတ်စီချင်ပါရေ။

နောက်တစ်ခုက ပုဂ္ဂလိကပိုင်ဆိုင်ရေ အရီးအသားတိကို ကိုယ်ရို့ ရီးချင်ရေပိုင် မရီးကတ်ဖို့ ပြောချင်ပါရေ။ တချို့က မင်းသားကြီး ရွှေဘန်း ရီး၊ တချို့က မင်းသားကြီး ရွှီဘန်း ရီး ဇာက အမှန် ဇာကအမှားဆိုစွာ ဆန်းစစ်ပနာ ရီးသင့်ပါရေ။ ယင်းထက် အကျွန်ရို့မျက်စိအောက်က ပျောက်လား ခရေ ဆရာကြီး ဦးသာထွန်း(တစ်ကြိမ် နှစ်ကြိမ် ကန်တော့ပါယင့်) ကို ဥူးဥူးသာထွန်းလို့ ရီးကတ်စွာကို ကောင်းစိတ်မကောင်း ဖြစ်ရပါရေ။ ရှီးက အများသုံး ‘ဦး ‘ ကို ‘ ဥူး’ လို့ ရီးတောင်မက ‘အူး’ လို့ပင် ရီးပတ်စီ ပြဿနာ မဟုတ်ကေလေ့ ‘ ဦးသာထွန်း’ လို့ အမိအဖ ဆရာသမားတိက ပီးထားရေ ဆရာကြီး နာမည် ကို ဆရာကြီး ခြီဖျားကိုတောင် မမှီရေလူတိက ‘ ဥူးသာထွန်း’လို့ ရီးချင်ပိုင် ရီးကတ်စွာကို မရီးကတ်ဖို့ အနူးအညွတ် တောင်းပန်ယင်း အပြင်းအထန် ကန့်ကွက်ပါရေ။

ခိုင်မင်းဇံ(ရခိုင်ပြည်)
* Source – forward mail

သူ့ မင်္ဂလာဆောင် (သင်းချို)

ခမ်းမထဲကို တစ်လှမ်းချင်း လှမ်းဝင်လာခရေ ။ ကြီးကျယ်ခမ်းနားရေ အပြင်အဆင်အားလုံးက တစ်ခါသီဆုံးလာရေ ငါ့ဘဝအတွက် ဈာပနာပိုင် ။ လှပခန့်ငြားရေ ခုံမြင့်ထက်က အနီရောင် ကတ္တီပါပိတ်ကားထက်မှာ ကပ်ထားရေ ရွှေရောင် ဖေါင်းကြွစာလုံးတိကို မမှိတ်မသုန် စိုက်ကြည့်နိန်ခရေ ။ လက်ထဲမှာ ကိုင်ထားခရေ စက္ကူအိတ်ချေထဲမှာ တစ်ချိန်က နှစ်ယောက်သား တတူရီးခဖူးစွာကို ကိုယ်တိုင် ဒီဇိုင်းဆွဲပနာ print ထုတ်ထားခရေ ငါရို့နှစ်ယောက်နန့်ရာ သက်ဆိုင်ခရေ ပွဲမဝင် ဖိတ်စာချေ ။ ငါ ဇာလောက်ထိ ရူးသွပ်ခဖူးလေ ... ဇာလောက်ထိ ပျော်ဝင်ခဖူးလေ ... အချစ်ဆိုရေ ရီကြောထဲမှာ ဇာလောက်ထိ မိန့်မြောစီးပါလားဖူးခလေ ...

ငါ့လက်ထဲကို ရောက်လာခရေ ဖိတ်စာချေစွာ ငါ့ကို လာစီချင်ရေဖြစ်ဖြစ်၊ မလာစီချင်ခရေပင် ဖြစ်ဖြစ် ... အေပွဲကို တက်ဖို့အတွက် တရားဝင် အခွင့်အလမ်းတစ်ခုရာလေ ။ ယင်းဖိတ်စာချေအတွက် ကျေးဇူးတင်ပါရေ ။ ကောင်းမျက်နှာပြောင်တိုက်တေလို့ပင် သတ်မှတ်ကတ်ပတ်စီ ဂရုမစိုက်ဗျာယ် ။ အေပွဲချေစွာ မင်းမျက်နှာကို လလွတ်လလပ် ငေးမောကြည့်ဖို့ နောက်ဆုံး အခွင့်အရေးရာ ။ အေပွဲပြီးစွာနန့် ငါရေ ငါ့လွမ်းဆွတ်မှုတိကိုတောင် ဘောင်ခတ်ထားလိုက်ရဖို့ဗျာယ်လေ ။ အခွင့်မရှိရေ လမ်းကို လျှောက်ချင်နိန်ကေတောင် လူ့ကျင့်ဝတ်အရ ငါ့ကိုယ်ကျင့်တရားကို ငါစောင့်ထိန်းရဖို့ဗျာယ်မလား ။ လူသိစရာ မလိုပါဘူး ။ အေပွဲကို တက်လာခရေငါ့ကို မင်းအသိုင်းဝိုင်းတိက မကောင်းဆိုးဝါးတစ်ကောင်ကိုပိုင် ကြည့်နိန်ကတ်ဖို့မှန်းလေ့ ငါသိရေ ။ ငါ့ကို သိုးမည်းတစ်ကောင်ပိုင် ထင်မှတ်ထားကတ်ဖို့မှန်းလေ့ သိရေ ။ ယကေလေ့ ငါ့အတွက် သူရို့ပြောရေ ထင်မှတ်တေအရာတိထက်

မြို့အစစ်မှာ ကျွတ်တေ၀ါကို မြို့အတုက လွမ်းရေ .. ငါ .... (ကျော့ကြာညို)

ဝါကျွတ်ဗျလ်လား။ တန်းဆောင်ဘုန်းဗျလ်လား။ ရခိုင်ပြက္ခဒိန် မဟိရေ ကျောင်းသမချေတယောက်အခန်းက အိမ်မဟုတ် ယာမဟုတ်ဆိုခါ ကကောင်းပင် ပျင်းစာရိစာ။

၁။

တာဝတိံသာစော် ယင်းအချိန်ခါကျိန်းနီအောင်မည်းလို့မှောင်နီရေလို့မဟိ။ လပြည့် ပြည့် မပြည့်ပြည့် မီးပုံပျံတိနန့် ပြည့်နီရေ။ တကိုယ်ရည်လုံးချင်းတီး မီးပုံပျံလား။ သားသမီးတွဲလီတွဲလောင်းနန့် မီးပုံးပျံလား။ ဇာပင်ဖြစ်ဖြစ် အာကာတခုလုံး ၀ါကျွတ်မီးပုံတိ အပြည့်နန့် ကိုးနှစ်သမီးချေတယောက်ဘ၀မှာ ကြည်နူးမှု၊ ပျော်ရွှင်မှုတိကို အဓိပ္ပါယ်မသိကေလေ့ တ၀စားခရရေ။ အိမ်ရှိမှာ ဖယောင်းတိုင်ကို အသည်းပုံဖော်ကတ်တေ။ ၀လုံးပုံဖော်ကတ်တေ။ နာမေချေတိရီးကတ်တေ။ ရောင်စုံဖယောင်းတိုင်တထုတ်လုံးကုန်အောင် တန်းထားတိမှာ တန်းစီထွန်းကတ်တေ။ သစ်ပင်ချေတိမှာ တက်ထွန်းကတ်တေ။ ပျော်လိုက်တေ။ အကျွန်ရို့အတွက် လျှပ်စစ်မီး ယင်းအချိန်ခါသမယမှာ မလိုပါဝေ။ ဘုရားသျှင်ကို ဖယောင်းတိုင်နန့် ကြိုဆိုဂါရ၀ ပြုကတ်တေ ဆိုစော် ၀ါတွင်းကာလမှာအကျွန်ရို့ ဗုဒ္ဓဘာသာတိ ယုံကြည်ရေဓလေ့ထုံးစံလေ။
အခင်ကြီးက၀ါကျွတ်တိုင်ကေ အရက်မသောက်ပါ။ တူချေတူမချေတိအတွက် မီးပန်းတိ၊ မီးပုံးအငယ်စိကေချေတိ၊ ဗြောက်အိုးတိ ၀ယ်လာပါရေ။ ကဲကဲ၊ ၀ိုင်းစု၊ ခိုင်ချွန်၊ ရဲဟိန်း နန့် မီးငယ်ရို့ မောင်နှမတိ တတူတူ မျှလို့ ကစပ်ကတ်ပါရေ။ ၀ါကျွတ်ရက်မှာ နိန့်စိုဉ်၊ နိန့်စိုဉ် အခင်ကြီးပြန်လာဖို့စော်ကိုရာမျှော်နီကတ်ရပါရေ။ ပြီးနာ ဗန်ဒါပင်အောက်ချေမှာ အိမ်ရှိလမ်းမထက်မှာ ရပ်ကွက်လိုက်ရပ်ကွက်လိုက် အကျီ င်္အသစ်ချေတိဝတ်လို့ အဘုချေတိ ညာဇာသားဆိုကေ အလှဆင်လို့အလှပြကတ်တေ။ ဘာဘာမေမေရို့ရေ ၀ါမကျွတ်ခင် သားချေသမီးချေတိအတွက် စစ်တွေ ဈီးကြီးက ၀တ်စုံအဆန်းတိလားလို့ဝယ်ပီးထားကတ်စော်လေ့ မမိန့်နိုင်သိမ့်ရေ ရခိုင်ပြည်ဓလေ့ထုံးဓမ်းချေတိပါ။ ဇာကရာ ကကားချေလား၊ မော်ဒန်ချချပ်ချေလား။ ချူးဖိနပ်လား၊ ဒေါက်ဖိနပ်လား။ ဘုတ်ဖိနပ်လား။ နေထက်လင်းအကျီ င်္လား။ ဒွေးဘောင်းဖီလား။ ညဥ့်မရောက်ခင် ညဇာသား နိန်ဝင်သရူးဆီးဆာအချိန်ကပင် အလှဘားသီးမီးတွဲလဲတွဲလဲချေတိသစ်ပင် ၀ါးပင် ပန်းပင် နန့် အိမ်ဗရံဒါထက်မှာ မီးလင်းရေ အချိန်အထိ အဘုချေရို့ရေ ၀တ်ရုံအသစ်တိဝတ်လို့ ပြီးကတ်လွှားကတ်တေ။ တယောက်အရောင် တယောက်ကြည့်ဗျလ် ကြွားလူကကြွား၊ လှလူကလှ နန့် အမျိုးမျိုး အရောင်ရောင်စုံလို့ပါရာ။

Photo - Bobo Ko

ဟက္ကရီကျညဥ့် (ပန် – စစ်တွေ)


အို … ညစာ
တစ်ပွင့်သျှေတောင်မပွင့်ရေ အာကာနာန့်
ဇာခါ … မြီပြင်ကမွှီးလီဖို့

ချစ်တေဆိုကေလေ့
ဒေ … အနှစ်မဟိရေ မျက်လှည့်အဆုံးကို
ဇာပိုင် အဖုံးဖွင့်ကြည့်လို့ရလီဖို့

မ၀ါပါကေ့ရည်းစားဦး
အလှ … ပလှ ပြုံးရယ်လိုက်တေခါ
မင်းနခမ်းထက်မာ
ဝင်္ကဘာတစ်ခု
ဝံပုလွေတစ်ကောင်
အီးယောင်လေ၊ ဘားဘာကယ်ပါလို့
ယောင်ရအောင်ထိ

မာယာ (သူရခိုင်)


တစ်နိစာ ပူလောင်မှုတိကို ပုံအပ်ပျာယ်
နောက်ခိုင်းပုန်းယှောင်ဖို့ မနား ။

ဒေမှာ ညဥ့်လယ်ခေါင်ထဲ
ကြယ်တိကို အားတင်းထွန်းညှိကျန်ခရ ။

နောက်နိ နွီးထွီးရေ အပြုံးတုတိနန့်
လာမပွိဖက်ကေ့

တစ်ခါသီဖူးခရေလူမှာ
ကြောက်တေ ။   ။



သူရခိုင်
(ရခိုင်ရိုးမ မဂ္ဂဇင်း အမှတ် (၅)၊ ၂၀၀၅ – စက်တင်ဘာ)
* Source - facebook

သဇင်လွမ်းခြင်း (နောင်ရဲခိုင်)

သဇင် …
ပင်မြင့်မှာထက်

ကေသာမှာ တင့်နိန်ဗျာယ်လာ

အသျှင်ရို့ ဟိစဉ်က
တော်ဝင်ရေဆိုလို့
ငါ မင်းကို ရှာနိန်သိရေ
ပင်ဖျားမှာလား အကိုင်းမှာလားလို့ ။

သဇင် …
ရာသီကပူပြင်း
နှင်းစက်ကင်းစွာ ငါသိရေ၀ါ ။

သဇင် …
မင်းလေ … မင်း
အင်္ဂုလိမာလခြံက
ဗူးစင်ထက်မှာပျော်
မယ်သီတာ လင်ရွာလိုက်တေအဖြစ်
ဇာတ်တိုက်ထားလိုက်ကတ်ပျာယ်လာ ။    ။



နောင်ရဲခိုင်
(ရခိုင်ရိုးမ မဂ္ဂဇင်း အမှတ် (၅)၊ ၂၀၀၅ – စက်တင်ဘာ)

အမင် (မောင်ခိုင်အောင်)














type - pdf
size - 226 Kb
Download
* Source

ရခိုင်ဘလော့ဂ်ဂါရို့  တာဝန်က ဇာချင့်လဲ (ခိုင်အောင်အောင်)

၂၁ ရာစု အိုင်တီခေတ်မှာ အသစ်ပေါ်လာရေ ဘလော့ဂ်ယိုင်ကျေးမှုကို ဒေနိန့်ကာလမှာဟိရေ ကွန်ပျူတာနန့် အသက်ဆက်နိန်ကတ်တေ မျိုးဆက်နန့် လူတိုင်းက ကြားဖူးနားဝဟိပနာ သဘောပေါက်နားလည်ထားကတ်ပြီးသားလို့ ယုံကြည်ပါယင့်။ ဘလော့ဂ်စွာ လူတယောက်၏ကိုယ်ပိုင်နယ်ပယ် ပုဂ္ဂိုလိကစာမျက်နှာ ခံစားချက် ထင်မြင်ယူဆချက်တိကို ဖွင့်အန်ချပြရေ နီရာသစ်တခု တသီးပုဂ္ဂလဒိုင်ယာရီမှတ်တမ်းချေ ဆိုစွာ အပိုပြောစရာလိုလီဖို့ မထင်ပါ။

ယင်းအတွက်နန့် ဘလော့ဂ်စာမျက်နှာတိစွာ လွတ်လပ်တေ စူးရှရေ။ ရွီးရေလူကိုမှီတည်လို့ ရွီးလိုက်တေ အကြောင်းအရာတိက ဆန်းသစ်တောက်ပရေ။ ကမ္ဘာ့သတင်းကွန်ယှက်ကြီးတိနန့်ပါ ဆက်ထားရေအတွက် ကမ္ဘာ့ရွာအနှံကို ပျံနှံ့ လွယ်ရေ။ ကိုယ်လိုချင်ရေ ပုံစံကို တပြားလေ့အကုန်အကျခံစရာမလိုပဲ ဖန်တီးပုံဖော်နိုင်လို့ ဘလော့ဂ်ဂါလောကကြီးက ဇကုန်တိုးတက်ကျယ်ပြန့်ပါလတ်တေ။

ယကေလေ့ အဂုကာလမှာ ရခိုင်ဘလော့ဂ်တိက ရာဂဏာန်းလောက်တောင် မပြည့်သိမ့်လို့ ပြောကတ်ရပါဖို့။ ရခိုင်သားလူဦးရေနည်းရေပိုင် စီးပွါးရေး နိုင်ငံရေး လူမှုရေးအရ ဘက်ပေါင်းစုံက ဖိနှိပ်ခံနိန်ရရေ ဆိုးကျိုးတိကြောင့် ပညာရေးဆိုင်ရာ နောက်ကျမှု နည်းပညာပိုင်းဆိုင်ရာနောက်ကျမှု အတွေးအခေါ်ပိုင်းဆိုင်ရာနောက်ကျမှု စူးစမ်းဖန်တီးချင်ပြီးကေ အသစ်အဆန်းကိုရှာချင်ရေစိတ်တိအားပီးမခံရမှု စရေ အားနည်းချက်တိက ဒေါင့်ပေါင်းစုံက
အဟန့်အတားတိလုပ်နိန်လို့ အေပိုင်ကြန့်ကြာနှောင့်နှေး

ရခိုင်သင်ပုန်းကြီးဖတ်စာ

၁၉၆၀ ကျော်လောက်ကထွက်ခဲ့သော ရခိုင်သင်ပုန်းကြီးဖတ်စာ ဖြစ်ပါသည်
arakanfolks ဆိုက်တွင်တွေ့သဖြင့် မျှဝေလိုက်ပါသည်

type - pdf
size - 11.79Mb
Download (mefiafire)
Source - arakanfolks.com

(၉၉)လတ္တံ

မြောက်ဦင်္းမြို့တွင် သက္ကရာဇ် (၁၁၀၅) နန်းတက်ခဲ့သော နရပတိမင်းလက်ထက် ပညာရှိ ငအိတက် ငလက်ရိုးတို့အား ဘုရင်မင်းမြတ်မေးတော်မှုသောကြောင်း မြောက်ဦးမြို့ သမီးသစ်အခန့် (၆) တွင့် သောထားလဲ့ထား (၉၉)လတ္တံ

၁ မင်းတို့မတရား ကျင့်ဖောက်ပြား၍ တိုင်းသားပြည်သူ ကြွက်ကြွက်ဆူ အိုးကင်းရေပူဖြစ်လတ္တံ
၂ မင်းတို့မတရား သူခိုးစားလည်းများလတ္တံ
၃ လက်နက်အားကိုး ထိုးမင်းမျိုးကို အုပ်စိုးပိုင်ရာ တိုင်းပြည်ရွှာမှာ သူခိုးဓါးပြ များလတ္တံ
၎ သူမင်းငါမင်း အချင်းချင်း သတ်ဖြတ်ထိုးခါ များလတ္တံ
၅ ရက္ခပူရ ပြည်ဓညမှာ ရာဇနတ္ထိ မင်းမရှိလည်းဖြစ်လတ္တံ
၆ ၅ ရက္ခပူရ ပြည်ဓညမှာ ၀ါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယာဘေးကြီးဖြစ်လတ္တံ
၇ ရက္ခပြည်သူ ကြွက်ကြွက်ဆူ အားကိုးရာမဲ့ဖြစ်လတ္တံ
၈ ရက္ခပြည်သူ ကြွက်ကြွက်ဆူ စိတ်ဝမ်းကွဲသူ များလတ္တံ
၉ နိုင်ငံရေးယောင်ယောင် သူတောင်းစားလည်း များလတ္တံ
၁၀ ဘုရားကိုကား နိမ့်ရားထား မျောက်ကားအထက်တက်လတ္တံ
၁၁ ရက္ခပူရ ပြည်ဓညမှာ သ၀ိအမှတ် ပညာကျော်တို့ ဘာယာနတ္ထိဖြစ်လတ္တံ

"ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ" (သင်းချို)



အဂုတလော တချို့ရခိုင်သားချေတိ မိန်းစွာ မိန်းခွန်းတစ်ခုကို ကောင်းကြုံလာရပါရေ ။ အားလုံးကို မဆိုလိုပါ။ မိန်းခွန်းက "ရခိုင်သမချေတိက ရခိုင်သားချေတိကို မကြိုက်ကတ်ပါလာ" ။ အေမိန်းခွန်းအတွက် ဖြေဖို့အဖြေ အကျွန့်မှာ အဆင်သင့်ရှိပါရေ ။ ယကေလေ့သော့ ယင်းအဖြေစွာ မမချေ အားလုံးကိုယ်စားလို့ မဆိုနိုင်ပါ ။ အကျွန်နန့် ထိစပ်ဆက်နွယ်နိန်ရေထဲက မမချေ အများစုကို ခင်မင်ယင်း ၊ ပေါင်းသင်းယင်း ရလာရေ အချက်ချေတိပါ။ အကျွန်ကိုယ်တိုင်လေ့ လက်ခံရေ အချက်ချေတိပါ ။
ရခိုင်သမချေတိအတွက် ယောက်ျားချေတစ်ယောက်ရေ ရခိုင်သားဖြစ်ခါကပင် ၄၀ % အော်တို
အားသာချက်ရှိခပါဗျာယ် ။ ရခိုင်သမချေတိက ရခိုင်သားချေတိကိုရာ လိုချင်ကတ်ပါရေ ။ ယကေလေ့ တစ်ဘဝလုံးလက်တွဲလားဖို့ ယင်းရခိုင်သားချေရေ ရခိုင်သားဖြစ်နိန်ရုံနန့်တော့ကေ
တစ်ဘဝစာ မလုံလောက်နိုင်သိဆိုစွာကို လက်ခံနိုင်ကတ်ဖို့ထင်ပါရေ ။

အဂုခေတ်မှာ မမချေအများစုစွာ ပညာရေးကို တစိုက်မတ်မတ်လိုက်စားပနာ ကိုယ့်စွာကိုယ်ရပ်တည်နိုင်စွမ်း ပိုရှိလာကတ်ပါရေ ။ နိုင်ငံတကာမှာ ရင်ဘောင်တန်းပနာ ရပ်တည်လာနိုင်စွမ်းရေ ယင်းမမချေတိ ရင်ထဲကို ထိုးဖေါက်ဝင်ဖို့