အေခေါင်းစဉ်နန့် ပတ်သက်လို့ ဆွေးနွေးချင်နိန်စော် အချိန်အင်တိုင် ဟိပါဗျာယ်။ လွန်ခရေ တစ်ရက် နှစ်ရက်လောက်က မဆိုစလောက်လို့ ထင်ရစော် အဖြစ်အပျက်ချေ တစ်ခု။ ယေကေလေ့ ယင်းအဖြစ် အပျက်က ကျွန်တော့်ကို နောက်ထပ် တစ်ခေါက် ဒေအကြောင်းကို စဉ်းစားခိုင်း လိုက်တေပိုင် ဖြစ်လားပါရေ။ ဒေအခေါက်ကတော့ အားတောင့် အားနာ မဟုတ်ဘဲနန့် အားမနာတမ်း မေးခွန်း ထုတ်ပြီးကေ စဉ်းစားကြည့်ခိုင်း လိုက်တေလို့ ထင်ပါယင့်…….။

ကျွန်တော်ရို့ ဟောင်ကောင်မြို့ရောက် မြန်မာကျောင်းသားတိကြားမှာ တစ်ခါတစ်လီ ပြောဖြစ်တေ လူတစ်ယောက် ဟိရေ။ ယင်းလူက Phd လုပ်နိန်ရေ၊ အင်တိုင်တော်ပြီးကေ၊ ဘဝင်ခမြမြင့်လို့ ပြောရေ ကျောင်းသားကြီး တစ်ယောက်။ ယင်းနိန့်ကအထိ ကျွန်တော်ယင်းသူ့ကို မတွိဖူးသိ။ ကျွန်တော်ရို့အားလုံး ယင်းနိန့် တိစုပြီးကေ သောက်စားမူးယစ် (ကျွန်တော်နန့် အခြား အပေါင်းအသင်း တစ်ချို့) ဆိုတီးပြီးကေ တပျော်တပါးကြီး တွိဂတ်တေ။ ယင်းပိုင်နဲ့ တစ်နားချေလောက် ကြာရေအခါ ကျွန်တော်ရို့ ဇာတ်လိုက် Phd ကြီးလည်း ပေါက်ချပါလတ်တေ။ နောက်ဆုံး အားလုံးပြီးလို့ သူပြန်လားခရေ အခါ ကျွန်တော်က လွှတ်ခနန့် ပြောလိုက်တေ။ “အော် Phd ကျောင်းသားဆိုလို့ အသူလေမှတ်တေ .. ကုလားရာ” ဆိုပြီးကေ။ အနားမှာဟိရေ တစ်ယောက် နှစ်ယောက်က ချက်ချင်း ထောက်ခံကတ်တေ။ ဆိုလိုစော်က သိရေမနား။ ကုလား တစ်ယောက်နန့် Phd ဆိုစော် ကျွန်တော်ရို့ နားမှာ မဆီမဆိုင်၊
မဟပ်မစပ်။ မှားယွင်းလိုက်သည် ဖြစ်ခြင်း ... ။ ဒေအကြောင်းကို မကြာမကြာ စဉ်းစားဖြစ်နိန်ရေ ကျွန်တော်က စပြီးကေ ပြောလိုက်သိယင့် …. ။
မဟပ်မစပ်။ မှားယွင်းလိုက်သည် ဖြစ်ခြင်း ... ။ ဒေအကြောင်းကို မကြာမကြာ စဉ်းစားဖြစ်နိန်ရေ ကျွန်တော်က စပြီးကေ ပြောလိုက်သိယင့် …. ။
ပြောချင်စော်က Stereotype ကိုကျွန်တော်နန့် တစ်နားကပြောရေ ကျောင်းသား တစ်ယောက် နှစ်ယောက်ကရာ လုပ်တတ်ကတ်စော် မဟုတ်ပါ … ။ ကျွန်တော်ရို့ အင်္ဂလိပ်စကား မတောက်တစ်ခေါက် ပြောတတ်စက ဆရာမိတ်ဆက်ပီးလို့ စစ်တွေက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ အမေရိကက ကျောင်းဆရာ တစ်ယောက်ကို တွိဂတ်တေ။ သိကတ်တေ အတိုင်း ပါဗျာယ်။ လူဖြူတစ်ယောက်ကို ပထမဆုံးအကြိမ် အရှင်လလတ် တွိရစော်က တစ်ကြောင်း၊ အင်္ဂလိပ်စကား ပြောရဖို့စော်ကလည်း တစ်ကြောင်းနန့် လက်ဖဝါးတိမှာ ချွှေးတိ ပြန်နီစွာကိုတောင် အခု ပြန်သတိရ နီသိမ့်ယင့်၊ သူ့ကို impress ဖြစ်အောင် ကျွန်တော်ရို့က ထိုင်စော်၊ စားစော် ဆတိုင် တိကအစ အားလုံးဂရုစိုက်လို့။ သသပ်ယယပ် …..။ တစ်နားနိန်မှာ အမေရိကန် ကိုယ်တော်က လောင်ဗွန်းက ကျလားခရေ ပလာတာကို ခုံထက်ကနိန် လက်နန့်ရာ ကောက်စားဗျယ်။ စဉ်စားကြည့်လီ ကတ်ဖိချ။ ကျွန်တော်ရို့တိ အားလုံးမှာ ရယ်ရဖို့ပိုင်၊ ငိုရဖို့ပိုင် မျက်နှာထားတိနန့် … ။
နောက်တစ်ခု မှတ်မှတ်ရရ။ ရန်ကုန် တိရစ္ဆာရုံ ထိပ်က မောနိန်းဆတား လက်ဖက်ရည်ဆိုင်ကို အမေရိကန်တစ်ယောက် (လူဖြူ) အပါအဝင် ကျွန်တော့် အပေါင်းအသင်းတစ်စု တစ်ရက် လက်ဖက်ရည် လားသောက်ရေ။ ယင်းဆိုင်ကတော့ သောက်နိန်ဂျဆိုင်ရာ။ ဆိုင်က စားပွဲထိုချေတိ ကိုလည်း သိရေ။ ယင်းဆိုင်မှာ အဖန်ရည်ခွက် တိကို လူလာခါမှ ချပီးတတ်တေ။ အမေရိကန် ပါလာရေ ယင်းနိန့်က စားပွဲထိုးချေစော် ကျွန်တော်ရို့ကို ချပီးနိန်ဂျခွက် မဟုတ်ဘဲနန့် စိကေ ပိုကြီးရေ ခွက်တစ်ခွက်ကို ယူလားပြီးကေ အမေရိကန် ကိုယ်တော်ရှိကို ဟိတ်ဟန်အပြည့်နန့် လာချပီးရေ။ ကျန်ရေ ကျွန်တော်ရို့ အားလုံးကတော့ သောက်နိန်ဂျခွက် ရရေ။ ကျွန်တော်ရို့ အုပ်စုမှာ ယင်းစားပွဲထိုးချေကိုကြည့်ပြီး ဟောက်လိုက်ရဖို့လား၊ ဇာလုပ်လိုက်ရဖို့လေး ဝီခွဲမရ …. ။
လူဖြူနန့် အာရှတိုက်သား တချို့

အာရှတိုက်သား တချို့လို့ ပြောရစော်က ကျွန်တော်က အာရှ လေး၊ငါးနိန်ရာလောက်ရာ ရောက်ဖူးရေ။ မရောက်ဖူး၊ မမြင်ဖူး၊ မကြားဖူးစော်တိက အများကြီး။ ယင်းတွက်နန့် လက်လှမ်းမှီစော် အတွိအကြုံလောက် နန့်ရာ ဆွေးနွေးပါမေ။ ယင်း လေး၊ငါးနိန်ရာ ချေမှာတောင် သာဓကတိက အများကြီး …… ။ Supermarket ရို့နန့် အခြား တန်းစီရရေ နိန်ရာတိမှာ ကြုံရရေ။ ကျွန်တော် ကမ္ဘောဒီးယား မှာခါ ဆိုကေ ယင်းက လူတိအားလုံး ကျွန်တော့်ကို ကမ္ဘောဒီးယား လို့ရာ ထင်ဂတ်တေ။ ဟုတ်လည်း ဟုတ်ပါရေ။ ကျွန်တော်ရို့တိ ရုပ်ချင်းဆင်စော်မှာ အံသြဖို့ ကောင်းအောင်ကို ဆင်ရေ။ ယင်းချင့်နန့် လူဖြူတိနန့် ယှဉ်လိုက်ကေ ကျွန်တော်က အမြဲတမ်း ဒုတိယဦးစားပီး။ ဆိုလိုစော်က သူရို့တိစော် ကိုယ့်လူမျိုးကို ကိုယ်ရို့အချင်းချင်း လူရာမသွင်း။ စိတ်မကောင်းစရာ။ George Orwell ပြောခစော်ကို လားလို့ အတွက်ပေါ် နိန်ခီရေ။ “Some animals are more equal than others.” (၁) ဆိုစော်လေ …… ။
မလေးရှားမှာ တစ်ခေါက် ဒေါသထွက်ရ သိရေ။ လမ်းမှာ ရဲသားနှစ်ယောက်စော် ကျွန်တော်က နိန်ရာတစ်ခုကို သိချင်လို့ လားမိန်းခီရေမှာ ကျနော့် passport ကို ချက်ချင်းထုတ် ပြခိုင်းရေ။ အေချင့်ကတော့ လက်ရှိသူရိုနိုင်ငံ immigration အခြေမနေကို ကြည့်ပြီးကေ နားလည်းပီးလို့ ရပါရေ။ ပိုလို့ စိတ်မကောင်းဖြစ်ဖို့ ကောင်းစော် ဟိပါသိမ့်ရေ။ ကွာလာလမ်ပူမြို့ အလယ်မှာ ဟိရေ Petronas တာဝါ နားတဝိုက်စော် taxi သမားတိ၊ tourist တိနန့် အခြား အမျိုးစုံ ဈီးသည်တိနန့် ကျကျွက်ရစ်နိန် ပါရေ။ ထိုလူက ဒေလူ့ကိုမိန်း၊ ဒေလူက ထိုလူ့ကိုခိုင်းနန့်။ ကျွန်တော်လည်း လမ်းပျောက်လားခလို့ အနားက ကားသမား တစ်ယောက်ကို လားမိန်းရေ။ ယင်းလူစော် တစ်နားလောက်ကသိ လူဖြူတစ်ယောက်ကို တစ်နိန်ရာ ထိုးပြလိုက်တေ ထင်ယင့်။ ကျွန်တော့်ကိုကျတော့ ဇာပြန်ပြောလေဆိုဂေ ငါမသိလတ်၊ လာမမိန်းလာဂေ့လတ်။ ယင်းပိုင်။ မလေးရှား လူမျိုးက သူနန့်ပုံစံတူ တစ်ယောက်ကို ဆက်ဆံစော်ပုံစံ ပါယေ။ အေနိန်ရာမှာ တစ်ခုကြားညှပ် ဝန်ခံချင်စော်က ကျွန်တော် လူတိအားလုံးကို ခြုံပြီးကေ ပြောနိန်ရေ ဆိုစော်အချက်ပါ။ ခြုံလို့ မပြောလို့ ကလည်းမရပါ မနား။ ယင်းတစ်ချက်ကိုတော့ ခွင့်လွှတ်ပီးဂတ်ပါ။
နောက် ကျွန်တော်ရို့ ကျောင်းမှာ ဟောင်ကောင်လူမျိုး ဆရာမ တစ်ယောက် ဟိပါရေ။ သူက သဘောလည်း ကောင်းပါရေ။ စာသင်စော်လည်း စေတနာပါရေ။ သူ့အားနည်းချက်က လူဖြူကျောင်းသား တိကို attention ပီးအားကြီးစော်။ စာသင်ခန်းထဲမှာ လူမျိုးကွဲ အင်တိုင် များရေ။ စင်္ကာပူ၊ ဖိလိပိုင်၊ ထိုင်း၊ အမေရိကန်၊ ဂျာမန် နန့် အခြားတိုင်းပြည် တိကလည်း ပါဂတ်သိရေ။ ယေကေလေ့ သူအသားပီးစော်က လူဖြူကျောင်းသား တိကို။ တစ်ချို့ဆိုကေ အမေရိကပေါက် တရုပ်လူမျိုးရို့ ပါရို့ညာရို့တိ ပါရေ။ ယေကေလေ့ သူရို့က လူဖြူမဟုတ်လေ။ သူရို့ကလူဝါ၊ ကျွန်တော်ကတော့ လူညိုပ။ ယင်းဆရာမကို မာန်မပါ။ စိတ်မကောင်း ဖြစ်မိစော်တော့ အမှန်ပါ။ ဇာဖြစ်လို့ လဲဆိုကေ သူကိုယ်သူတောင် သတိထားမိပုံ မပေါ်………။
လူညို၊ လူဝါ၊ လူမည်း
စိတ်တော့မရှိပါကေ့။ ယေကေလေ့ လူဆိုစော်မျိုးကလည်း အင်တိုင်ဂွကျနိုင်၊ irrational ကျနိုင်ရေ အမျိုးပါမလား။ တစ်လောက စစ်တွေကို ပြန်ရောက်ခီရေခါ သူငယ်ချင်းတစ်ယောက် အဖော်ခေါ်လို့ စစ်တွေ ဈီးကြီးရှိမှာ ရုံးခန်းဖွင့်ထားရေ ကုလားတန်စီမံကိန်းက အိန္ဒိယလူမျိုး မန်နေဂျာကို လားတွိခိရေ။ ရုံးအောက်ထပ်မှာ laptop တစ်လုံးနန့် အလုပ်များနိန်ရေလို့ ပုံစံဖမ်းထားရေ အိန္ဒိယလူမျိုး ပျာဒါ တစ်ယောက်ကို မန်နေဂျာနန့် တွိချင်စော်ကို လားပြောရေ။ ယင်းကိုယ်တော်က ခေါင်းဖော်လို့ မကြည့်ပဲနန့် ကျွန်တော်ရို့ သုံးယောက်ကို form တစ်ခုချေ ယူဖို့အတွက် ဆယ့်ငါးမိနစ် စောင့်ခိုင်းရေ။ သူပြောစော်က form ကို မန်နေဂျာ ယူလာဖို့ပ။ ဆယ့်ငါးမိနစ် ကြာရေအခါ ပျာဒါက သူအံဆွဲထဲက form ကို အလိုက်တိုင်းထုတ်ပီးရေ။
ဒေအဖြစ်အပျက်ကို လူမျိုးရေး ရှုထောင့်က တမင်တကာ ဆွဲကြည့်ရေလို့ ထောက်ပြဖို့ဆိုကေ ထောက်ပြလို့ရရေ။ ဆက်ပြောပါဦးမယ်။ ယင်းက သူငယ်ချင်းတိက ပြောဂတ်တေ။ “ဒေက အိန္ဒိယ ကုလား တစ်ကောင်နှစ်ကောင် လူကိုလူမထင်၊ မိုးမမြင်လီမမြင်” ဆိုပြီးကေ။ အချက်အလက် တိကိုကြည့်ကေ အိန္ဒိယ လူအမျိုး တစ်ယောက် အနေနန့် ယင်းလောက်ထိ ဖင်ခေါင်းကျယ်စရာ မဟိပါမလား။ အိန္ဒိယမှာ အေဂု လောလောဆယ် ထမင်းငတ်နိန်ရေ လူအရေအတွက်တောင် မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းထက် ပိုများရေမလား။ ပြောရဖို့ဆိုကေ သူရို့က ထမငတ်နိုင်ငံသား လို့တောင် ပြောလို့ရရေ။ ယင်းအတွက်နန့် အထက်မှာ ပြောခပါရေမလား။ လူဆိုစော်ကလည်း ဂွကျရေ အမျိုးပါလို့။

ဒေဟောင်ကောင်မှာ နောက်စိတ်ဝင်စားဖို့ ကောင်းစော်တစ်ခု ဟိပါသိရေ။ ကျွန်တော်ရို့ ပြောနိန်စော် အကြောင်းအရာနန့် ဆက်နိန်လို့ ပြောဖို့စော်ပါရာ။ ဒေမှာ ဖိလစ်ပိုင်က လာပြီးကေ အလုပ် လာလုပ်နိန်ဂတ်တေ အမျိုးသမီးတိ အင်တိုင်ရှိပါရေ။ သိရသလောက် များသောအားဖြင့် အိမ်တိမှာ လူအိုထိန်းစော်ရို့၊ အငှားသမ လုပ်စော်တိ များပါရေ။ အားလုံလည်း မဟုတ်ပါဘူး။ ယင်းအချက်ကြောင့် ဟောင်ကောင် ဒေသခံတိက ဖိလစ်ပိုင်သမတိကို ဆိုကေ လူလို့ ကိုမထင်။ သူရို ပုံစံတိကို ကြည့်ရစော် ဖိလစ်ပိုင်ဆိုကေ အငှားသမနိုင်ငံပ။ ကျွန်တော့်အမြင်မှာ အဓိက အချက်ကတော့ ဖေးချာ။ နောက်တစ်ချက်က အလုပ်ရှင်- အလုပ်သမား၊ အလုပ်သမားမှာ တခါ အဆင့်အတန်း မရှိရေ အလုပ်သမား။ စစိတွက်ကြည့်ဖို့ ဆိုကေ ဟောင်ကောင်သားတိက အင်္ဂလိပ်ကျွန် အဖြစ်က ၁၉၉၇ ကမှ လွတ်စော်လေ။ ဖိလစ်ပိုင်က ၁၉၄၆ ကပင် အမေရိကန်တိ လက်အောက်က လွတ်စော် မဟုတ်လား။ လူတိကလည်း တချို့ အဖြစ်အပျက်တိကို သတိတရ မဟိတတ်ကတ်။ အာဖရိက ဆိုစော်နန့် ကိုယ့်လူ ဇာပိုင်ပုံရိပ်တိကို မြင်ယောင်မိပါလေ။ ငှက်မွှီးတိ ဝတ်ထားရေ လူရိုင်းတိ၊ ထမင်းငတ်လို့ ပိန်လှီနိန်ရေ အချေတိ၊ အစုတ်စုတ် အပြတ်ပြတ် ဝတ်စားထားရေ အမျိုးသမီးတိကို မြင်ယောင်မိပါရေ မလား။ ယင်းပိုင်ဆိုကေ ကိုယ့်လူတော့ နိုင်ဂျီးရီးယား စာရီးဆရာမ Chimamanda Ngozi Adichie (၂) ပြောရေပိုင် single story စက်ကွင်းထဲမှာ မိနိန်စော်။ လူတိက အာဖရိကစော် ကန္တာရ ဖြစ်တေဆိုစော် အချက်ကိုရာ သတိရပြီးကေ ယင်းကန္တာရ ထဲမှာ အိုအေစစ် တိလည်း အများကြီး ကိန်းအောင်းနိန်ပါရေ မလားဆိုစော်ကို မှားမှား ယွင်းယွင်းနန့်ကို သတိ မရနိုင်ဂတ်။
ပွင့်လင်းသော တိုင်းရင်းသား၊ ကောက်ကျစ်သော ဗမာနန့် အမျိုးချစ်သော ရခိုင်
အထက်က မှတ်ချက်သုံးခုက ကျွန်တော် မကြာမကြာ ကြားရစော် စကားတိပါ။ ယင်းစကားတိစော် ကောင်းမှန်ရေပိုင် မတွိလို့ ထည့်ရွီးလိုက် စော်ပါ။ ပြောလက်စ စကားတိနန့် တပါတည်း။ မြန်မာနိုင်ငံမှာ လူတစ်ယောက်ကို တိုင်းရင်းသား ဖြစ်တေဆိုရေ အချက်တစ်ချက်ထဲနန့် သူ့ပွင့်လင်းရိုးသား အတွက် အာမခံချက် ပီးရေလို့ ဆိုကေ လွန်ရာ မကျပါလာ။ ယင်းနည်းတူ ဗမာတိက ကောက်ကျစ်တေ ဆိုပြီးကေ ဗမာတိအားလုံးကို ဝါးလုံးရှည် တစ်လုံးနန့် သိုက်ပြီး ပြောကေလေ့သော့ တရားလွန်ပါဖို့ နင့်ရာ။ နောက်ဆုံး တစ်ချက်က ရခိုင်တိ အမျိုးချစ်တေဆိုစော် အကြောင်း။ ကျွန်တော်ရို့ အားလုံး တွိဖူးကတ်ပြီးသားပါ၊ လက်သစ် စံရဖွေတိ… ကိုယ်ကျိုးကို ဗဟိုပြုလို့ လည်ပတ်တေ China-made မျိုးချစ်တုတိ … စသဖြင့်ပ။
ထုပ်ပိုးထားပြီးသား အယူအဆ
ကျွန်တော်ရို့တိမှာ မှားရေဖြစ်ဖြစ်၊ မှန်ရေဖြစ်ဖြစ် လူမျိုးနန့် ပတ်သက်လို့ အဆင်သင့် ထုပ်ပိုးထားပြီးသား အယူအဆ၊ အမြင်တိ ဟိကတ်ပါရေ။ ယင်းအယူအဆတိ၊ အမြင်တိစော် ဇာအချိန်ကပင် စလို့ အမြစ် တွယ်နိန်မှန်းတော့ မသိ။ ဂွကျစော်က ယင်းချင့်ကို ပြန်ခွါ ချရေခါကျကေ ထင်သလောက် မလွယ်ဗျာယ်။ ဇာဖြစ်နိန်လို့လည်း ဆိုကေ လူဖြစ်နိန်လို့ လို့ရာ အလွယ်ဆုံး ပြောရဖို့ဗျာယ် လားမသိ။ ၂၁ရာစု ရောက်လာစော်နန့် တတူ rasicm လူမျိုးစွဲ ဝါဒစော် institutionalized ပုံစံနန့်တော့ မဟိဗျာယ်။ ယေကေလေ့ အလွယ်တကူ တိုက်ဖျက်လို့ ရရေ ပုံစံမျိုးတော့ မဖြစ်ပါသိမ့်။
အထက်က ပြောခစော်တိ အားလုံးမှာ လူမျိုးရေး ဘက်လိုက်ချင်စိတ်၊ ခွဲခြား ဆက်ဆံချင်စိတ်တိ (racial prejudice) အားလုံးစော် ရင်ထဲမှာ ဟိနိန်ဂတ်စော် တိပါမလား။ တခါတလီ ဆိုကေ ကျွန်တော်ရို့ တုန့်ပြန်မှုတိက ကကောင်းကြီးကို အော်တိုမတ်တိတ် ဖြစ်နိန် လွန်းအားကြီးယင့်။ စဉ်းစားခြင်း အလုပ်ကိုတောင် မလုပ်လိုက်ဗျာယ်။
အသိန်း (စစ်တွေ)
မှတ်ချက်။ ။ အေဆောင်းပါးကို သေသေချာချာ အချောစီပနာ ပိုစ်တင်ပီးရေ arakanart ဆိုက်က အပေါင်းအသင်း တိကိုလည်း ကျေးဇူးတင်ပါရေ။
စာညွှန်း -
(၁) Animal Farm, George Orwell
(၂) The Danger of a Single Story, Chimamanda Ngozi Adichie