“အသျှင်” သိ့စီချင်ရေ (စောပြည့်ညို)

အို... အသျှင်
သင်ချစ်သောပြည် သင်နေသော ပြည်အား
ငဲ့ညှာစွာဖြင့် ပြန်လည် စောင့်ရှောက်
အကြင်နာမိုး ရွာသွန်းပီးပါ

အို... အသျှင်
သင့်ချစ်သော လူမျိုး
သင့်ဆွေမျိုးကား
ဆင်းရဲဒုက္ခ မျိုးစုံစံလျက်
နိမ့်ကျအနွယ် ဖြစ်နေမှုအား
ကူညီဖေးမ သနားမှုဖြင့်
ပြန်လည်ဆုံစည်း အောင်မြင်မှုများ ဆောင်ကျဉ်းပီးပါ

အို...အသျှင်
သူ့ကျွန်မခံလိုသော တော်လှန်သူတို့လည်း
သူ့ကျွန်စနစ်မှ လွတ်မြောက်ခွင့်မရခဲ့

အို... အသျှင်
တော်လှန်သောသင်
တော်လှန်သော သူတို့ကား
မျိုးဂုဏ် ဆွေဂုဏ် ဓနဂုဏ်ကြား
စည်းစိမ်ယိမ်လျက် သင်ချစ်သောပြည်အား
မေ့လျော့မှု ပြန်လည်တမ်းတ ဆင်ခြင်ရအောင်
သင်၏ ကျိန်စာ သင်၏ စွမ်းပကားဖြင့်
နာကျင်မှုအား စွမ်းဆောင်ပါလော

အို.. အသျှင်
သင်ချစ်သောပြည်
သင်ချစ်သော ရဲဘော်များကား
ငတ်တလှည့် ပြတ်တလှည့်ဖြင့်
ရခိုင်ပြည်တွက် ပေးဆပ်ကုန်၏
သင့်၏ သစ္စာ သင့်၏သွေးများ
မခမ်းခြောက်က ရခိုင်ပြည်အား
တစ်ခါပြန်လည် နိုးထခွင့်ပြုလော။   ။



(စောပြည့်ညို)
* Source