ဒေါက်တာအေးကျော် (ကွယ်လွန်) အတ္ထုပ္ပတ္တိ အကျဉ်း





ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

-  B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
-  B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
-  M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
-  B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
-  PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

Racism နန့်ဝင်တိုက်မိခြင်း (အသိန်း - စစ်တွေ)

Racism နန့်ဝင်တိုက်မိခြင်း

အေခေါင်းစဉ်နန့် ပတ်သက်လို့ ဆွေးနွေးချင်နိန်စော် အချိန်အင်တိုင် ဟိပါဗျာယ်။ လွန်ခရေ တစ်ရက် နှစ်ရက်လောက်က မဆိုစလောက်လို့ ထင်ရစော် အဖြစ်အပျက်ချေ တစ်ခု။ ယေကေလေ့ ယင်းအဖြစ် အပျက်က ကျွန်တော့်ကို နောက်ထပ် တစ်ခေါက် ဒေအကြောင်းကို စဉ်းစားခိုင်း လိုက်တေပိုင် ဖြစ်လားပါရေ။ ဒေအခေါက်ကတော့ အားတောင့် အားနာ မဟုတ်ဘဲနန့် အားမနာတမ်း မေးခွန်း ထုတ်ပြီးကေ စဉ်းစားကြည့်ခိုင်း လိုက်တေလို့ ထင်ပါယင့်…….။


ကျွန်တော်ရို့ ဟောင်ကောင်မြို့ရောက် မြန်မာကျောင်းသားတိကြားမှာ တစ်ခါတစ်လီ ပြောဖြစ်တေ လူတစ်ယောက် ဟိရေ။ ယင်းလူက Phd လုပ်နိန်ရေ၊ အင်တိုင်တော်ပြီးကေ၊ ဘဝင်ခမြမြင့်လို့ ပြောရေ ကျောင်းသားကြီး တစ်ယောက်။ ယင်းနိန့်ကအထိ ကျွန်တော်ယင်းသူ့ကို မတွိဖူးသိ။ ကျွန်တော်ရို့အားလုံး ယင်းနိန့် တိစုပြီးကေ သောက်စားမူးယစ် (ကျွန်တော်နန့် အခြား အပေါင်းအသင်း တစ်ချို့) ဆိုတီးပြီးကေ တပျော်တပါးကြီး တွိဂတ်တေ။ ယင်းပိုင်နဲ့ တစ်နားချေလောက် ကြာရေအခါ ကျွန်တော်ရို့ ဇာတ်လိုက် Phd ကြီးလည်း ပေါက်ချပါလတ်တေ။ နောက်ဆုံး အားလုံးပြီးလို့ သူပြန်လားခရေ အခါ ကျွန်တော်က လွှတ်ခနန့် ပြောလိုက်တေ။ “အော် Phd ကျောင်းသားဆိုလို့ အသူလေမှတ်တေ .. ကုလားရာ” ဆိုပြီးကေ။ အနားမှာဟိရေ တစ်ယောက် နှစ်ယောက်က ချက်ချင်း ထောက်ခံကတ်တေ။ ဆိုလိုစော်က သိရေမနား။ ကုလား တစ်ယောက်နန့် Phd ဆိုစော် ကျွန်တော်ရို့ နားမှာ မဆီမဆိုင်၊

သိန်ကန်မိန်တွင်ရတု (မူရင်း)

အပိုဒ် (၁)

သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း။ ပင်တိုင်းမှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျက်နှုတ်ဝယ်မုံရယ့်၊ စာခွန့်တုံရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့ရယ့်၊ ဧးယ်သို့ချစ်ဖွယ်ဆင်။ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်။ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို။ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမိဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်။ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံအယ့်။ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်ကေ၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊

“အသျှင်” သိ့စီချင်ရေ (စောပြည့်ညို)

အို... အသျှင်
သင်ချစ်သောပြည် သင်နေသော ပြည်အား
ငဲ့ညှာစွာဖြင့် ပြန်လည် စောင့်ရှောက်
အကြင်နာမိုး ရွာသွန်းပီးပါ

အို... အသျှင်
သင့်ချစ်သော လူမျိုး
သင့်ဆွေမျိုးကား
ဆင်းရဲဒုက္ခ မျိုးစုံစံလျက်
နိမ့်ကျအနွယ် ဖြစ်နေမှုအား
ကူညီဖေးမ သနားမှုဖြင့်
ပြန်လည်ဆုံစည်း အောင်မြင်မှုများ ဆောင်ကျဉ်းပီးပါ

အို...အသျှင်
သူ့ကျွန်မခံလိုသော တော်လှန်သူတို့လည်း
သူ့ကျွန်စနစ်မှ လွတ်မြောက်ခွင့်မရခဲ့

အို... အသျှင်
တော်လှန်သောသင်
တော်လှန်သော သူတို့ကား
မျိုးဂုဏ် ဆွေဂုဏ် ဓနဂုဏ်ကြား
စည်းစိမ်ယိမ်လျက် သင်ချစ်သောပြည်အား
မေ့လျော့မှု ပြန်လည်တမ်းတ ဆင်ခြင်ရအောင်
သင်၏ ကျိန်စာ သင်၏ စွမ်းပကားဖြင့်
နာကျင်မှုအား စွမ်းဆောင်ပါလော

အို.. အသျှင်
သင်ချစ်သောပြည်
သင်ချစ်သော ရဲဘော်များကား
ငတ်တလှည့် ပြတ်တလှည့်ဖြင့်
ရခိုင်ပြည်တွက် ပေးဆပ်ကုန်၏
သင့်၏ သစ္စာ သင့်၏သွေးများ
မခမ်းခြောက်က ရခိုင်ပြည်အား
တစ်ခါပြန်လည် နိုးထခွင့်ပြုလော။   ။



(စောပြည့်ညို)
* Source

မြို့တော်တစ်ခု ပျက်သုန်းခြင်း (သို့) ကြေကွဲဖွယ် ဇန္န၀ါရီညများ


ဤရေမြေဒေသတွင် ရခိုင်ဟူသော အမည်နာမဖြင့် ရခိုင်ပြည်ကြီးပေါ်ထွန်းခဲ့ရန် ကျွန်ုပ်တို့၏ ဘိုးဘီးများစွာ တို့သည် ရှေးနှစ်ပေါင်းများစွာ ကပင် ကြိုးစားလာခဲ့ ကြပါသည်။ ရခိုင်တို့၏ ခေတ်ဦးဖြစ်သော ဓည၀တီခေတ်ကို စတင်တည်ထောင် နိုင်ခြင်းနှင့် အတူ လှပသော နိဒါန်းကို အစပျိုးပေး ခဲ့ကြသည်။ ယင်းအစဦးခေတ် ကာလတွင်ပင် `ယေဓမ္မာ´ ဂါထာတော် ရွတ်ဖတ်သံ နှင့်အတူ ထေရ၀ါဒ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ပြီး အထွဋ်အမြတ်ဖြစ်သော ဗုဒ္ဓ၏ ကိုယ်ပွား ဆင်းတုတော်ကို မျိုးဆက်များသို့ လက်ဆင့်ကမ်းကာ ဘာသာတရားရှိသော၊ ယဉ်ကျေးမှုရှိသော မြင့်မြတ်သည့် လူမျိုးတစ်မျိုး ဖြစ်ကြောင်းကို သက်သေထူ ပေးခဲ့ကြသည်။ သည်မှတဆင့် ခေတ်အဆက်ဆက် ရန်ဟူသမျှကို တွန်းလှန်ကာ တရွေ့ရွေ့ လှမ်းလျှေက်ပြီး ကမ္ဘာမြေပေါ်တွင် `ရခိုင်´ ဟူ၍ အဓွန့်ရှည် ကျန်ရစ်အောင် စွမ်းဆောင် ပေးခဲ့ကြသည်။

သို့ ဆောင်ကြဉ်းခဲ့ ကြရာတွင် လွယ်ကူချောမွေ့ ခဲ့သည်ချည်း မဟုတ်၊ ရန်ဘက်တို့၏ အကြိမ်ကြိမ် ဖျက်ဆီးချေမွခြင်း ခံရသည့် ကြားမှ