တရုတ်နိုင်ငံ စွမ်းအင်ရှာဖွေရေး မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဆင်ခြင်ရန် အကြောင်းများ

တိုင်းပြည်အတွက် အမည်းစက် တစ်ခု ဖြစ်နေတဲ့ လေထုညစ်ညမ်းမှု အပေါ် တန်ပြန်ထိုးနှက်ချက် တစ်ခု အဖြစ် အဓိက စက်မှုဇုန်များ ဖြစ်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဂွမ်ကျိုးတို့မှာ ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံသစ်များ တည်ဆောက်ခြင်း ကို တားမြစ်တော့မယ်လို့ တရုတ်နိုင်ငံ အစိုးရက ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့မှာ ကြေညာ လိုက်ပါတယ်။

ကျောက်မီးသွေး စွမ်းအင်ကို ၂၀၁၇ မတိုင်ခင်မှာ နိုင်ငံရဲ့ အဓိက စွမ်းအင် အသုံးပြုမှုရဲ့ ၆၅ ရာခိုင်နှုန်း အထိ လျှော့ချပြီး အဏုမြူ၊ သဘာဝ ဓာတ်ငွေ့နဲ့ အသစ်ပြန်လည် သုံးစွဲနိုင်သော စွမ်းအင်များ တိုးမြှင့် အသုံးချနိုင်ရန် အကောင်အထည် ဖော်ဖို့လည်း တရုတ် အစိုးရအဖွဲ့က ရည်မှန်းထား ပါတယ်။ တရုတ်အစိုးရ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း များအရ ၂၀၁၁ ခုနှစ် စွမ်းအင် အသုံးပြုမှုရဲ့ ၆၈ ဒသမ ၄ ရာနှုန်းဟာ  ကျောက်မီးသွေး စွမ်းအင်လို့ ဆိုပါတယ်။

RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ်ခု ပေါ်ထွက်လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုမိုထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။


အောင်နိုင်

ပန်းချီဆရာ အောင်နိုင် ဆွဲရေ ပန်းချီကားတိ ကို လက်လှမ်းမီသလောက် တင်ပီးလိုက်ပါရေ၊ ပုံထက်မှာ ကလိခ်(click) နှိပ်ပနာ အကြီးချဲ့ ကြည့်လို့  ရပါရေ




ဒီမိုကရေစီအရေး၊ ဒီမိုကရေစီအတွေး

အကျွန် ဒေခေါင်းစဉ်နန့် ရွီးစော်ကို တတိုင်က နည်းနည်း ဘာသာရပ်ဆန်ရေဆိုပြီးကေ ဝေဖန်ကတ်တေ။ အ မှန်က ကျယ်ဝန်းနက်နဲရေ နိုင်ငံရေးနယ်ပယ်ထဲကို အကျွန့်ပိုင်အသျှေ သရုပ်ဆောင်အဖြစ်နန့် ရောက်လာ ကတ်တေ လက်သင်နိုင်ငံရေး မိတ်ဆွေတိအတွက် ဒီမိုကရေစီကျကျ လွတ်လွတ်လပ်လပ် စိုင်းစားတွေးခေါ် ပြီးကေ လေ့လာထားသမျှကို မျှဝေခံစား(Sharing) လုပ်ချင်လို့ ဒေခေါင်းစဉ်ကို တင်ရခြင်းပါ။

ဒီမိုကရေစီဆိုလို့  အခုမီဒီယာလောကမှာ ခေတ်အစားဆုံး၊ အသုံးအများဆုံးစကားလုံး သုံးလုံးကို လားလို့ အ တွက်ပေါ်ပါရေထော။ နိုင်ငံရေး(Politics)၊ ဒီမိုကရေစီ(Democracy)၊ သဘာဝပတ်ဝန်းကျင်
(Environment) ဆို ရေ စကားလုံးသုံးလုံးကို ကြားနိန်ရစော် နိန့်စိုင်နန့်အမျှ။ အမှန်က ဒေစကားလုံး(၃)လုံးစော် အဂုမှပေါ်လာရေ စကားလုံးအသစ်(Modern words)မဟုတ်။ ကမ္ဘာဦးက စဖြစ်တည်လာခါကပင် ရှိနိန်ပြီးသား။ လူတိနန့် ပတ် သက်ဆက်နွယ်နိန်ပြီးသား စကားလုံးဆိုစော် ယုံမှားသံသယမရှိ။
 လူသားအစ ဗြဟ္မာက လို့ ယုံကြည်လက်ခံထားရေ ရခိုင်စာပီ၊ မြန်မာစာပီ အဆိုရေ ကမ္ဘာဦးမှာ သလေးစပါး ဆိုပြီး ဟိပါကြောင်း၊ အချိန်မရွီး အဆင်သင့်ခူးဆွတ်စားလို့ရရေ ယင်းသလေးစပါးကို လူတိလောဘ တရား ၀င်ရေခါ အိမ်မှာသိုလှောင်သိမ်းဆည်းဖို့။ ရသရွိ့ကို အပြိုင်အဆိုင်ရိတ်သိမ်းရေခါ အမြစ်တွယ်အစပြုဖြစ်တေ သဘာဝပတ်ဝန်းကျင်တိ ထိခိုက်ပျက်စီးလာလတ်ကြောင်း၊ ယင်းခါ အစည်းအဝေးတိခေါ်ယူ စုစည်းပနာ သူ့မြီ၊ ကိုယ့်မြီသတ်မှတ်ကြောင်း၊ တစစ လေဘတရားတိကြီးများလာရေခါ တစ်တိုင်က သူများနယ်ကို ကျူးကျော် ၀င်ရောက်ပြီးကေ ခိုးဆိုးလုယက်မှုတိ ဖြစ်လာကြောင်း၊ ယင်းပိုင်နန့် ကြီးနိုင်ငယ်ညှင်းဝါဒကို အခြီခံရေ ဥပဒေ (The Law Of Jungle)တိ စိုးမိုးပါလတ်တေခါ လူတိက စုဝေးတိုင်ပင်၊ နိုင်ငံရေးတိုင်ပင်ဆွေးနွေးပွဲ (Political Forums) တိလုပ်ပြီးကေ အရည်အချင်းပြည့်ဝသူ၊ အများကကြည်ညို လေးစားရေ လူတစ်ဦးကို ရွီးချယ်ပနာ ခေါင်းဆောင်ဖြစ်တေအတွက် သူ့ကို မဟာသမ္မတရာဇာလို့ ခေါ်ပါကြောင်း ဖော်ပြထားပါရေ။ ဆိုလိုစော်က ပြည်သူအကျိုးအတွက် ပြည်သူကရွီးချယ်တင်မြှောက်လိုက်တေ ပြည်သူအစိုးရ (The government of the people for the people by the people)နန့် ကမ္ဘာအုပ်ချုပ်ရေး ယန္တရားကို စတင်လိုက်ခြင်း၊ တနည်းအားဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးနန့် ကမ္ဘာ့နိုင်ငံရေး တံခါးဝကြီးကို ဆွဲဖွင့်လိုက်ခြင်းဖြစ်တေ။ ယေဇုနန့် အဆိုပါစာပီ ကျမ်းဂန်လာအရ နိုင်ငံရေး၊ ဒီမိုကရေစီ၊ သဘာဝပတ်ဝန်းကျင်ဆိုရေ စကားလုံးတိစွာ ကမ္ဘာဦးကပင် လူနန့် ခေတ်ပြိုင် ပေါ်လာရေစကားလုံးတိဆိုစော် ထင်ရှားနိန်ယင့်။

ရခိုင်ပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၄)



Download pdf (662 kb)
* Source

ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းဖြစ်တည်မှု အထင်ကရ သမိုင်းခုနှစ်များ

ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးသည့် နေ့မှသည် မျက်မှောက်ကာလထိ နှစ် (၂၂၇နှစ်)၊
ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းဖြစ်တည်မှု အထင်ကရ သမိုင်းခုနှစ်များ
(အေဒီ - ၁၇၈၅ မှ အေဒီ - ၂၀၁၂ ထိ)




AD - ၁၇၈၅ - ဇွန်န၀ါရီ (၂)ရက် မြောက်ဦးမြို့တော် ကျဆုံး
                 - ဇွန်န၀ါရီ (၁၁)ရက် ဘုရင်မဟာသမ္မတရာဇာ ဖမ်းဆီးခံရ။
                 - မဟာမုနိကို အမရပူရသို့ ရွှေ့၊ ရခိုင်ကို မြို့ဝန်လေးစုဖြင့် အုပ်ချုပ်မှုစတင်။
AD - ၁၇၈၇ - ငပေါလုံး၏ ဗဒုံမင်းအား ဆန့်ကျင်တော်လှန်မှုများ ကြီးမားလာ။
AD - ၁၇၈၈ - မင်းညီမင်းသား၊ ရဟန်းတော်များ၊ ပညာသည်များ၊ ကိုယ်ရံတော်၊ သူငယ်တော်၊ မိန်းမစိုး စသော
                 လူရှင်ရဟန်းတို့ကို အမရပူရသို့ ဖမ်းဆီးယူဆောင်ခံရ။ နန်းတော်ရပ်သည် တစပြင်ဖြစ်သွား။
AD - ၁၇၈၉ - ဇင်းမယ်သို့ စစ်ချီရာတွင် ရခိုင်မှ တပ်သား (၆၀၀၀) စုဆောင်းပေးခဲ့ရ။
AD - ၁၇၉၃ - ငပေါလုံးတော်လှန်ရေး လှုရှားမှုများသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့။
AD - ၁၇၉၄ - စစ်တကောင်းတွင် တိမ်းရှောင်နေသော ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင်
                 တို့အား၊ ရခိုင်မြို့ဝန်သို့ လွှဲပေးခဲ့ရ။
AD - ၁၇၉၅ - ဇွန်လတွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ငပေါလုံး၊ ငခွက်ပေါက်တို့ကို အဆုံးစီရင်၊
                ကျွဲတစ်ကောင်နိုင်က ဆင်ဖြူကျွန်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့။

ဒေါက်တာအေးကျော် (ကွယ်လွန်) အတ္ထုပ္ပတ္တိ အကျဉ်း





ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

-  B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
-  B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
-  M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
-  B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
-  PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

Racism နန့်ဝင်တိုက်မိခြင်း (အသိန်း - စစ်တွေ)

Racism နန့်ဝင်တိုက်မိခြင်း

အေခေါင်းစဉ်နန့် ပတ်သက်လို့ ဆွေးနွေးချင်နိန်စော် အချိန်အင်တိုင် ဟိပါဗျာယ်။ လွန်ခရေ တစ်ရက် နှစ်ရက်လောက်က မဆိုစလောက်လို့ ထင်ရစော် အဖြစ်အပျက်ချေ တစ်ခု။ ယေကေလေ့ ယင်းအဖြစ် အပျက်က ကျွန်တော့်ကို နောက်ထပ် တစ်ခေါက် ဒေအကြောင်းကို စဉ်းစားခိုင်း လိုက်တေပိုင် ဖြစ်လားပါရေ။ ဒေအခေါက်ကတော့ အားတောင့် အားနာ မဟုတ်ဘဲနန့် အားမနာတမ်း မေးခွန်း ထုတ်ပြီးကေ စဉ်းစားကြည့်ခိုင်း လိုက်တေလို့ ထင်ပါယင့်…….။


ကျွန်တော်ရို့ ဟောင်ကောင်မြို့ရောက် မြန်မာကျောင်းသားတိကြားမှာ တစ်ခါတစ်လီ ပြောဖြစ်တေ လူတစ်ယောက် ဟိရေ။ ယင်းလူက Phd လုပ်နိန်ရေ၊ အင်တိုင်တော်ပြီးကေ၊ ဘဝင်ခမြမြင့်လို့ ပြောရေ ကျောင်းသားကြီး တစ်ယောက်။ ယင်းနိန့်ကအထိ ကျွန်တော်ယင်းသူ့ကို မတွိဖူးသိ။ ကျွန်တော်ရို့အားလုံး ယင်းနိန့် တိစုပြီးကေ သောက်စားမူးယစ် (ကျွန်တော်နန့် အခြား အပေါင်းအသင်း တစ်ချို့) ဆိုတီးပြီးကေ တပျော်တပါးကြီး တွိဂတ်တေ။ ယင်းပိုင်နဲ့ တစ်နားချေလောက် ကြာရေအခါ ကျွန်တော်ရို့ ဇာတ်လိုက် Phd ကြီးလည်း ပေါက်ချပါလတ်တေ။ နောက်ဆုံး အားလုံးပြီးလို့ သူပြန်လားခရေ အခါ ကျွန်တော်က လွှတ်ခနန့် ပြောလိုက်တေ။ “အော် Phd ကျောင်းသားဆိုလို့ အသူလေမှတ်တေ .. ကုလားရာ” ဆိုပြီးကေ။ အနားမှာဟိရေ တစ်ယောက် နှစ်ယောက်က ချက်ချင်း ထောက်ခံကတ်တေ။ ဆိုလိုစော်က သိရေမနား။ ကုလား တစ်ယောက်နန့် Phd ဆိုစော် ကျွန်တော်ရို့ နားမှာ မဆီမဆိုင်၊

သိန်ကန်မိန်တွင်ရတု (မူရင်း)

အပိုဒ် (၁)

သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း။ ပင်တိုင်းမှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျက်နှုတ်ဝယ်မုံရယ့်၊ စာခွန့်တုံရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့ရယ့်၊ ဧးယ်သို့ချစ်ဖွယ်ဆင်။ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်။ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို။ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမိဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်။ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံအယ့်။ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်ကေ၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊

“အသျှင်” သိ့စီချင်ရေ (စောပြည့်ညို)

အို... အသျှင်
သင်ချစ်သောပြည် သင်နေသော ပြည်အား
ငဲ့ညှာစွာဖြင့် ပြန်လည် စောင့်ရှောက်
အကြင်နာမိုး ရွာသွန်းပီးပါ

အို... အသျှင်
သင့်ချစ်သော လူမျိုး
သင့်ဆွေမျိုးကား
ဆင်းရဲဒုက္ခ မျိုးစုံစံလျက်
နိမ့်ကျအနွယ် ဖြစ်နေမှုအား
ကူညီဖေးမ သနားမှုဖြင့်
ပြန်လည်ဆုံစည်း အောင်မြင်မှုများ ဆောင်ကျဉ်းပီးပါ

အို...အသျှင်
သူ့ကျွန်မခံလိုသော တော်လှန်သူတို့လည်း
သူ့ကျွန်စနစ်မှ လွတ်မြောက်ခွင့်မရခဲ့

အို... အသျှင်
တော်လှန်သောသင်
တော်လှန်သော သူတို့ကား
မျိုးဂုဏ် ဆွေဂုဏ် ဓနဂုဏ်ကြား
စည်းစိမ်ယိမ်လျက် သင်ချစ်သောပြည်အား
မေ့လျော့မှု ပြန်လည်တမ်းတ ဆင်ခြင်ရအောင်
သင်၏ ကျိန်စာ သင်၏ စွမ်းပကားဖြင့်
နာကျင်မှုအား စွမ်းဆောင်ပါလော

အို.. အသျှင်
သင်ချစ်သောပြည်
သင်ချစ်သော ရဲဘော်များကား
ငတ်တလှည့် ပြတ်တလှည့်ဖြင့်
ရခိုင်ပြည်တွက် ပေးဆပ်ကုန်၏
သင့်၏ သစ္စာ သင့်၏သွေးများ
မခမ်းခြောက်က ရခိုင်ပြည်အား
တစ်ခါပြန်လည် နိုးထခွင့်ပြုလော။   ။



(စောပြည့်ညို)
* Source