တိုင်းပြည်အတွက် အမည်းစက် တစ်ခု ဖြစ်နေတဲ့ လေထုညစ်ညမ်းမှု အပေါ် တန်ပြန်ထိုးနှက်ချက် တစ်ခု အဖြစ် အဓိက စက်မှုဇုန်များ ဖြစ်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဂွမ်ကျိုးတို့မှာ ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံသစ်များ တည်ဆောက်ခြင်း ကို တားမြစ်တော့မယ်လို့ တရုတ်နိုင်ငံ အစိုးရက ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့မှာ ကြေညာ လိုက်ပါတယ်။
ကျောက်မီးသွေး စွမ်းအင်ကို ၂၀၁၇ မတိုင်ခင်မှာ နိုင်ငံရဲ့ အဓိက စွမ်းအင် အသုံးပြုမှုရဲ့ ၆၅ ရာခိုင်နှုန်း အထိ လျှော့ချပြီး အဏုမြူ၊ သဘာဝ ဓာတ်ငွေ့နဲ့ အသစ်ပြန်လည် သုံးစွဲနိုင်သော စွမ်းအင်များ တိုးမြှင့် အသုံးချနိုင်ရန် အကောင်အထည် ဖော်ဖို့လည်း တရုတ် အစိုးရအဖွဲ့က ရည်မှန်းထား ပါတယ်။ တရုတ်အစိုးရ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း များအရ ၂၀၁၁ ခုနှစ် စွမ်းအင် အသုံးပြုမှုရဲ့ ၆၈ ဒသမ ၄ ရာနှုန်းဟာ ကျောက်မီးသွေး စွမ်းအင်လို့ ဆိုပါတယ်။
RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ်ခု ပေါ်ထွက်လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုမိုထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Subscribe to:
Posts (Atom)